၁၃.၂

528 57 4
                                        


၁၃.၂

" အနံ့လေးကောင်းလိုက်တာ meow .. မဟုတ်သေးဘူး။ အနံ့က အရမ်းကိုကောင်း "

သီအိုက သတိလက်လွတ် ဒေသစကားကို ပြင်ပြောလိုက်ပြီး မျက်လုံးပွတ်ကာ နိုးလာခဲ့သည်။

"နိုးလာပြီလား"

ဆယ်ဂျွန်းက ငါးနှင့် ကြက်သွန်မြိတ်ကို မနက်စာအတွက် ကင်နေလေသည်။ သူ့ဘေးနားတွင် ငါးကင်များစွာ ရှိနေ၏။ ဆယ်ဂျွန်းနှင့် ယုန်နက်လေးတို့က အသားစားငါးများကို ဖမ်းဖို့ မနက်ကတည်းက ကြိုးစားအားထုတ်ထားခဲ့ကြသည်။

"အင်း ... ဘယ်လောက်အိပ်ပျော်သွားတာလဲ "

" မနေ့ နေ့လည်ကတည်းက အခုအထိ အိပ်နေတာပဲ"

ယနေ့ကား ၁၂၉ ရက်မြောက် ဖြစ်ပြီး သီအိုက မနက် နိုးလာကာ တစ်ရက်လုံး အိပ်စက်ဖို့ ပြင်ထားခဲ့သည်။

"ဒါက ဘာလဲ"

သီအိုက အနံ့တရှုံ့ရှုံ့ ခံလိုက်ရင်း ငါးကင်များအကြောင်း မေးလိုက်၏။

"ဒါက ဒီအပတ်ရဲ့ လစာလေ။ ငါးကင်က အေးသွားတော့မယ်။ မြန်မြန် သိမ်းလိုက်တော့ "

"ဟုတ် ကျေးဇူးပါ"

သီအိုက တွေးလိုက်မိ၏။

ငါတို့က ပါတနာတွေကို ဘာလို့ လစာရနေပါ့လိမ့် ...

သို့သော် မြန်မြန်ဆန်ဆန်ပဲ သူက ငါးကင်များကို သူ့အိတ်ထဲ ထည့်သိမ်းလိုက်တော့သည်။

သိုလှောင်အိတ်က အလွှာများကို ဖြတ်သန်းကာ သွားလာရောင်းချဖို့ လိုအပ်သည့် ကုန်သည်များအတွက် မရှိမဖြစ် ဖြစ်ပြီး နေရာချဲ့ထွင်ရေးနှင့် အလေးချိန် လျော့ချရေး မှော်စွမ်းအားများဖြင့် မွမ်းမံထားလေသည်။ ထိုအရာက သူတို့အား ကုန်ပစ္စည်းများကို အချိန်တစ်ခုကြာ နဂိုအခြေအနေအတိုင်း ထိန်းသိမ်းပေးနိုင်သည်။

"မနက်စာ စားရအောင် "

ကျွိ

ကျွိ

ဆယ်ဂျွန်း၏ အော်ခေါ်သံအောက်တွင် ယုန်လေးများက မနက်စာစားဖို့ အပြေးအလွှား ရောက်လာကြ၏။

ဆူဆူညံညံ မနက်စာ အဆုံးသတ်သွားပြီးသည့်နောက် ...

"အာ မစ္စတာဘတ်ဆယ်ဂျွန်း " သီအိုက ဆယ်ဂျွန်းကို ခေါ်လိုက်သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Mar 17, 2024 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

မျှော်စင်ထဲ တစ်ကိုယ်တော် စိုက်ပျိုးခြင်းDonde viven las historias. Descúbrelo ahora