အခန်း(၆) : အသက်ဝင်လာခြင်း
အသစ်ထွက်လာသည့် ချယ်ရီ ခရမ်းချဉ်သီးများကို ကြည့်ကာ ဆယ်ဂျွန်းက တခြားချယ်ရီခရမ်းချဉ်သီးများကိုလည်း ကွဲပြားနေမလားဟု တွေးကာ သိချင်စိတ်ဖြင့် ကြည့်လိုက်၏။
"ဟားဟား သူတို့က ဒီမှာကိုး "
ယခုအခါ နေရာကို ချယ်ရီခရမ်းချဉ်သီးငါးလုံးက အပိုင်သိမ်းထားသည်။ ဆယ်ဂျွန်းက နောင်အနာဂတ်တွင် ကြီးထွားလာမည့် ခရမ်းချဉ်သီးများအကြောင်း တွေးကာ ကျေနပ်အားရလာမိသည်။
သူက လယ်ထဲ ချယ်ရီခရမ်းချဉ်သီးအပြည့် ဖြစ်နေသည့် မြင်ကွင်းကို တွေးကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ သူ့စိတ်အခြေအနေက အင်မတန် ကောင်းနေ၏။
နေ့လယ်ဘက်၊ ဂူထဲတွင် အလုပ်ရှုပ်နေကြသည်။
ကျွိ
ကျွိ
ယုန်စုံတွဲက တွင်းပေါက်ကို တဖန် ပိတ်ဆို့ထားလိုက်ကြပြန်သည်။ ဆယ်ဂျွန်းက ယုန်များ၏ အပြုအမူကြောင့် အပြာရောင်လ စတင်တော့မည်ဖြစ်ကြောင်း သဘောပေါက်သွား၏။
ဆယ်ဂျွန်းလည်း ခပ်သွက်သွက် လှုပ်ရှားလိုက်သည်။ မွန်းစတား ထွက်လာနိုင်ခြေရှိတာကို ပြင်ဆင်ဖို့ သူက အနံ့ရှိသည့်အရာများကို မြှပ်ထားခြင်း သို့မဟုတ် ဝှက်ထားခြင်းများ လုပ်ကာ အနံ့ဖုံးအောင် ကြိုးစားနေသည်။
နောက်ထပ် နာရီအနည်းငယ်ကြာမြင့်ပြီးနောက် ...
နေရောင်က အပြာရောင်ပြောင်းသွားကာ ဆယ်ဂျွန်းက တတိယမြောက် အပြာရောင်လကို ကြုံတွေ့လိုက်ရသည်။
ဂါး
ဂီး
မွန်းစတား အော်သံများကိုပင် ကြားနေရ၏။
ငါ ဘယ်လောက်ပဲ ကြားကြား အသားမကျနိုင်သေးဘူး ...
သူ အော်သံများကို ကြားသည့်အချိန်တိုင်း နှလုံးခုန် မြန်လာကာ ကြက်သီးတဖြန်းဖြန်း ထလာခဲ့သည်။
သူက ဤအပြာရောင်လသည် ပြဿနာမရှိဘဲ ကုန်ဆုံးသွားလိမ့်မည်ဟု တွေးထားခဲ့သည်။

ESTÁS LEYENDO
မျှော်စင်ထဲ တစ်ကိုယ်တော် စိုက်ပျိုးခြင်း
Fantasíaမျှော်စင်တွေ ကမ္ဘာအနှံ့ ပေါ်ထွက်လာပြီးနောက် အထဲဝင်ရောက်ရန် လက်မှတ်ဝယ်ယူဖို့ ပိုက်ဆံစုနေတဲ့ ကျောင်းသားလေး ဆယ်ဂျွန်းက ဈေးဝယ်ပြန်လာတုန်းမှာ တွင်းနက်ကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့တယ် အဲဒီတွင်းနက်ကြီးက မျှော်စင်ဝင်ပေါက်ဆိုတာ သိနေတာ့ ထီပေါက်တာထက် ကံထူးပြီဟေ့ဆို...