CH-7

2.7K 310 3
                                    

[UNICODE]

လုယန်နှင့်တွေ့ရမည့်နေ့ သတ်မှတ်ထားပြီးဖြစ်သည်။ ခေါင်းဆောင်က သူမအပေါ် အပြစ်ရှိသလိုခံစားရ၍ ချင်းရို့အတွက် ခွင့်တစ်ရက်ပေးလိုက်၏။

ချင်းရို့: "...?"

အဲ့ဒီစစ်တပ်အရာရှိက အရမ်းကြောက်ဖို့ကောင်းလို့လား။

လုယန်နှင့်သူမတို့လို ဆူးနှစ်ချောင်းပေါင်းစည်းခြင်းက ​ဆိုးရွားလွန်းသည်မှာ တခြားသူများရဲ့အမြင်တွင် ထင်ရှားနေခဲ့သည်။

အားလပ်ရက်တစ်ရက်ရတယ်ဆိုတာ အမြဲကောင်းတာပဲလေ။

ချင်းရို့သည် အိပ်ဆောင်သို့ ပြန်သွားလိုက်ပြီး ပိုက်ဆံနှင့်အသားလက်မှတ်များကိုယူ၍ ပေါ့ပေါ့ပါးပါး၀တ်စုံကို ၀တ်ဆင်ကာ နေ့လည် ၂း၃၀ တွင် အနုပညာအဖွဲ့မှ ထွက်လာခဲ့၏။

သူမသည် စတိုးဆိုင်နှင့် သရေစာရောင်းတဲ့ဆိုင်ဆီ ဦးစွာသွားခဲ့သည်။ ထို့နောက် ပင်းချန်ဘတ်စ်ကားဂိတ်မှာ ဘတ်စ်ကားစီး၍ တစ်နာရီကျော်ကြာပြီးနောက် မူခမ်းစိုက်ပျိုးရေးခြံဆီ ရောက်သွားခဲ့ပြီ။

ခြံဝင်းတို့ဖြင့် ဝန်းရံထားသော အုတ်အိမ်တွေ အတန်းလိုက်ရှိနေ၏။ လူတွေက အလုပ်လုပ်ရာတွင် ထုတ်လုပ်ရေးကိရိယာတွေကို သုံးလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ချင်းရို့ရောက်လာခြင်းမှာ လူများရဲ့အာရုံစိုက်မှုကို ခံလိုက်ရ၏။ သူမသည် အိမ်များကို ရေတွက်ရင်း ပျက်စီးယိုယွင်းနေတဲ့ သီးသန့်အိမ်ဆီသို့ ရောက်လာခဲ့သည်။ တံခါးအရှေ့တွင် လှေကားသုံးထစ်ရှိပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ စိုက်ထားပေမယ့် တက်နင်းမိသွားလေသည်။

ယိုယွင်းနေတဲ့တံခါးကို အနက်ရောင်ရွှံ့မြည်းချေးတို့ဖြင့် ဖုံးအုပ်ထားပြီး စက္ကူကပ်ထားတဲ့ ပြတင်းပေါက်များတွင်လည်း အပေါက်ကြီးများစွာရှိနေခဲ့သည်။ နေ့ခင်းဘက် အိမ်မှာလူတွေရှိနေသောကြောင့် တံခါးမပိတ်ထားချေ။ ထို့ကြောင့် ချင်းရို့က တံခါးကို တိုက်ရိုက်တွန်းဖွင့်ကာ အိမ်ထဲကို ဝင်လိုက်၏။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now