CH-38

2.2K 259 1
                                    

[Unicode]

ချင်းရို့ မျက်ရည်အပြည့်ဖြင့် နံနက်စာကို တိတ်တိတ်လေး စားနေရသည်။ ဝက်အူချောင်းတွေကို ကြည့်ရင်း သူမနှလုံးသားမှာ နာကျင်နေရလျက်။ 

ဒါ... ဒါ... တကယ့်ကိုပဲ ဝက်အူချောင်းပေါင်းကြီးဟ! ထမင်းပေါ်မှာ ပေါင်းထားခဲ့ရင်တောင် ကောင်းဦးမှာကို။ ဝက်အူချောင်းရဲ့ အဆီနဲ့ အနံ့တွေက ထမင်းထဲမှာ ပျော်ဝင်သွားမှာလေ။

အခုတော့... အလကားပဲ!

လူယုတ်မာကြီး!

ချင်းရို့ လုယန်ကို ကြည့်ကာ အေးစက်စက်မေးလိုက်၏။ "ရှင် နေ့လည်စာ ဘာစားချင်လဲ?"

သူမအတွက်မူ ဒီမေးခွန်း မေးကိုမေးရမည့်အချိန်ပါပဲ။

လုယန်: "ဖက်ထုပ်လုပ်ကြတာပေါ့"

သူ ငယ်ငယ်ကတည်းက ဖက်ထုပ်စားရတာကို နှစ်သက်၍ ဒီနေ့လည်း အချိန်ရတော့ ဖက်ထုပ်လုပ်ရမှာပေါ့။

ချင်းရို့: "ကျွန်မ ဖက်ထုပ်မလုပ်တတ်ဘူး!!"

ချင်းရို့ ဖက်ထုပ်ကို လုပ်စားခဲပေ၏။ များသောအားဖြင့် ဖက်ထုပ်ပေါင်းစားချင်ပါက မနက်စောစော မနက်စာဆိုင်မှာ သွားဝယ်စားလိုက်သည်ပင်။

ဘယ်သူကများ သူတို့ဘာသာ ဖက်ထုပ်လုပ်စားလို့လဲ? ကျောင်းနှင့်အလုပ်အဖွဲ့အစည်းများက အဖွဲ့လိုက်လှုပ်ရှားမှုများတွင် ပါဝင်လုပ်ဆောင်မှသာ သူတို့က ဖက်ထုပ်အရွက်များ ဝယ်ကာ အိမ်လုပ်အဆာပလာများနှင့် သက်တောင့်သက်သာရှိစွာ ဖက်ထုပ်ထုပ်ကြခြင်းပင်။

ဖက်ထုပ်လုပ်ချင်ပါက အစာလုပ်သည်မှာ လွယ်ကူပေမယ့် ဖက်ရွက်ကို ဘယ်လိုလုပ်ရမလဲနော်?

ဤခေတ်အခါကြီးမှာ ဘယ်သူမှ ဖက်ရွက်မရောင်းဘူးလေ။

လုယန် အံ့အားသင့်သွားရလျက် - "ဖက်ထုပ်မလုပ်နိုင်တဲ့သူတွေရှိသေးတာလား?"

(Me: ဟုတ် ကျယ်မလည်း မလုပ်တတ်ပါဘူးရှင့် 😢 အယ်ကိုကြီးက အရမ်းနှိမ်တာပဲနော် 😭)

ချင်းရို့: "…"

ဖက်ထုပ်ဘယ်လိုလုပ်ရသလဲဆိုတာ သိတာက အရမ်းကြီးအံ့သြစရာကောင်းလို့လားဟယ်?

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now