Ch-121

539 96 0
                                    

Unicode

ချင်းရို့ မီးတွင်းကာလ၌ ဖြစ်နေဆဲ။

သူမစားဖို့အတွက် ငါး၊ ပုစွန်နဲ့ ဝက်သားရှိပြီး မိသားစုက ကြက်တစ်ကောင်ကိုတောင် သတ်ကာ သူမအတွက် ကြက်စွပ်ပြုတ်လုပ်ပေးခဲ့၏။ သူမရဲ့ယောက္ခမကလည်း သူမအတွက် ဝက်လက်စွပ်ပြုတ်လုပ်ပေးချင်ခဲ့သော်လည်း ချင်းရို့က မစားချင်ဘူးလို့ ငြင်းဆန်ထား၍သာ။

သူမက ပေါ့ပေါ့ပါးပါးစားစရာတွေကိုပဲ စားချင်နေခဲ့သည်ပင်။

ရာသီဥတုက ပူပြင်းလာပြီဖြစ်သလို မီးတွင်းကာလသည်လည်း တော်တော်လေးနာကျင်ရ၏။ ချင်းရို့ အစာစားချင်စိတ် သိပ်မရှိသောကြောင့် လတ်ဆတ်ပြီး အရည်ရွှမ်းတဲ့တစ်ခုခုကို စားချင်နေခဲ့၏။ သူမစားချင်တဲ့အသားကတော့ ပုစွန်ပြုတ် ဒါမှမဟုတ် ဂုံးကောင်ခြောက်တွေကိုပါပဲ။

အသားနှင့် ယှဥ်ပါက အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကိုသာ သူမ စားချင်ပေသည်။ စားချင့်စဖွယ်ကောင်းတဲ့ သူမကိုယ်တိုင်စိုက်ပျိုးထားတဲ့ ခရမ်းချဥ်သီးသေးသေးလေးတွေကိုရောပေါ့။

သူမရဲ့ ယောက္ခမနှင့် လုယန်တို့က သူမအား အတင်းအကြပ်မစားခိုင်းကြဘဲ သူမစားချင်တာမှန်သမျှ စားခွင့်ပြုခဲ့ကြသည်။ သူမ နေ့တိုင်း ဆိတ်နို့နှင့် ကြက်ဥတွေကို အမြဲစားရသလို ကောင်းတဲ့အရာမှန်သမျှအားလုံး သူမအတွက်ချည်းပင်။

ဤကျွန်း၌ နွေရာသီတွင် မီးတွင်းကာလအတွက် တစ်ခုတည်းသောအားသာချက်မှာ အသီးအနှံများပေါများခြင်းသာ။ အထူးသဖြင့် ချုံကျိုးကျွန်းမှ ငှက်ပျောသီးတွေဟာ သူမအနှစ်သက်ဆုံးဖြစ်၏။ ငှက်ပျောသီးတွေက အရမ်းချိုပေသည်။ ငှက်ပျောသီးတွေအပြင် လိုင်ချီးသီးနဲ့ သင်္ဘောသီးတွေလည်း အများအပြားထွက်ရှိရာ ပေါများလွန်းနေသဖြင့် လယ်သမားတွေက ဝက်တွေကိုတောင် အစာကျွေးရပါသေးသည်။

ချင်းရို့ကတော့ အမျှင်ဓါတ်အာဟာရဖြည့်နေခဲ့၏။

သူမက ဆိတ်နို့သောက်ခြင်းအပြင် အုန်းရေကိုလည်း မကြာမကြာ ပျော်ပျော်ကြီးသောက်လေ့ရှိသည်။ လုယန်ကိုယ်တိုင် အုန်းပင်ပေါ်တက်ကာ သူမအတွက် ခူးပေးခဲ့လေ၏။ ကံမကောင်းစွာဖြင့် ချင်းရို့က သူမခင်ပွန်း အုန်းပင်တက်တာကို မမြင်ခဲ့ရတာဟာ နှမြောစရာပါပဲ။

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now