CH-50

2.1K 253 1
                                    

[Unicode]

ချင်းရို့ မူကြိုမှ ထွက်လာခဲ့ပြီး အနီးနားရှိ လုချန်ပြည်သူ့အသံလွှင့်ဌာနသို့ သွားရန်စုံစမ်းလိုက်၏။ သူမက ဖြတ်သွားဖြတ်လာ အနည်းငယ်ကို မေးမြန်းရင်း လုချန်ပြည်သူ့အသံလွှင့်ဌာနကို ရှာတွေ့သွားခဲ့ပြီ။

ဤရေဒီယိုအသံလွှင့်ဌာနသည်လည်း မကြာသေးမီကမှ အသစ်ပြန်ဆောက်ထားသောကြောင့် သတင်းကြေညာသူများကို ခေါ်ယူနေခြင်းဖြစ်ရာ တစ်ချိန်တည်း​သတင်းကြေညာသူနှစ်ဦးခေါ်ထားသည်ပင်။

ချင်းရို့ စာရင်းသွင်းဖို့ သွားလိုက်၏။

သူမ သတင်းကြေညာသူဖြစ်လာမယ်ဆိုရင် အလုပ်ကောင်းတစ်ခုရလိုက်တာပဲ။ ဤခေတ်ကာလမှာ သတင်းကြေညာသူဆိုတာက လူတိုင်း အားကျကြတဲ့ အလုပ်ပဲလေ။ တခြားကိုယ်ကာယအလုပ်တွေနဲ့ယှဥ်ရင် အခန်းထဲမှာ အေးအေးဆေးဆေး အသံလေးလွှင့်နေရုံပဲ။

ချင်းရို့လည်း မူကြိုကျောင်း၌ အလုပ်လုပ်ဖို့ စဉ်းစားကြည့်ပေမယ့် တစ်နေ့လုံး အရမ်းပင်ပန်းနေလိမ့်မှာ။ သူမက အိမ်မှာ ဟင်းသီးဟင်းရွက်ဥယျာဉ်ကို စီမံခန့်ခွဲချင်သေးတာကို။

သူမပြောင်းရွှေ့တဲ့ ပထမနှစ်မှာ အိမ်နဲ့ခြံကို သေသပ်စနစ်ကျအောင် လုပ်ရမယ်။

ချင်းရို့ အနီးနားရှိ ရွာတစ်ရွာသို့ စက်ဘီးစီးသွားလိုက်ပြီး မုန်လာဥဖြူ ကီလိုဂရမ် အနည်းငယ်ကို သီးသန့်ဝယ်ယူရန် ရွာသားတွေဆီ တောင်းဆိုလိုက်၏။ သူမက ပုပ်သွားပြီဖြစ်တဲ့အသီးအချို့ကိုလည်း တောင်းခဲ့ပါသည်၊ ယင်းမှာ ဆင့်အနည်းသာ ကုန်ကျပြီး တရားမဝင်သည့်အရောင်းအဝယ်မဟုတ်သဖြင့် ယေဘုယျအားဖြင့် မည်သူမျှ ဂရုမစိုက်ကြပါချေ။

သူမ စက်ဘီးပြန်စီးလာကာ မုန်လာဥဖြူတွေကို အရင်အောက်ချ၍ ခြံထဲမှာ ပျိုးပင်အနည်းငယ်ကို ပြန်စိုက်ပျိုးလိုက်၏။

ချင်းရို့ မုန်လာဥဖြူဝယ်ရန် ရွာသားတွေဆီ သွားရသည့် အကြောင်းရင်းသည်ကား ဤနေရာရှိ အခြေအနေတွေကို ပိုမိုလေ့လာချင်၍သာ။ ဟုတ်တာပေါ့၊ ဒေသန္တရလေယူလေသိမ်းနှင့် ဘာသာစကားအတားအဆီးကြောင့် သူတို့ကတော့ သူမစကားတွေကို နားလည်နိုင်ပေမယ့် သူမကတော့ သူတို့ပြောတာတွေကို နားမလည်နိုင်သောကြောင့် ဆက်သွယ်ပြောဆိုနိုင်သည်ဆိုရုံလောက်သာ။ 

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း [ဘာသာပြန်]Where stories live. Discover now