Let me cause a little trouble 🥰 (Chap1)

57 6 4
                                    

At Yangon international airport,

"အားနာပင်မဲ့ အကိုရေ ညီမကို အိတ်လေးကူသယ်ပေးပါလားရှင်။"

ဖြူဖြူဖွေးဖွေးနဲ့ မျက်မှန်ဝိုင်းဝိုင်းလေးဖြင့် ကလေးမက ခွန်း ကို အကူအညီလာတောင်းခြင်းဖြစ်သည်။ဒီကလေးမ ကကြောက်နေလို့ဘဲလား နဂိုထဲကအသံတိုးတာဘဲလားတော့ မသိ သူပြောတာကို ခွန်း မနည်းနားထောင်ရသည်။

"ရပါတယ် ညီမ ပေးလေ။"

သူအကူအညီတောင်းတာလည်း မပြောနဲ့ သယ်ရသည့်အိတ်က သူ့ခန္ဓာကိုယ်ရဲ့နှစ်ဆလောက်ရှိသည်။ခွန်း လို လူတောင် မနည်း မ ရသည်။အိတ်ကို သူ သွားမဲ့နေရာထိ သယ်ပြီးပို့ပေးလိုက်တော့ ဖြူဖြူဥဥလေးက အသံပိစိလေးဖြင့်

"ကျေးဇူးဘဲနော် အကို ဟဲဟဲ။"

ကျေးဇူးတင်စကားဆိုလာသည်။အဲ့တာကမထူးဆန်းပင်မဲ့ ထူးဆန်းတာက နောက်က ဟဲဟဲ ဆိုသောအရာ။ဒါပေမဲ့ သိပ်တော့ မတွေးနေတော့ပါဘူး။ဒီကလေးမ ကိုက မျက်နှာချိုတာနေမှာ။သူလည်း ကိစ္စပြီးတာနဲ့ ဂျူတီကျရာနေရာကိုပြန်လာရသည်။လေယာဉ်ကွင်းက Security ကို အထုတ်သယ်ခိုင်းသော ဒီကလေးမ ကိုလည်း အံဩမိပါသေးရဲ့။

ခွန်းတစ်ယောက်ကတော့ ဂျူတီလှည့်နေရင်း သေနတ်ကြီးကိုင်ကာ သူကိုယ်တိုင်တောင်မသိလိုက်ဘဲ ပြုံးပြုံးကြီးဖြစ်နေတော့သည်။

*****************************
လေယာဉ် ပေါ်တွင်တော့ ပြုံးဖြီးဖြီးနဲ့ပျော်နေသူက ခိုင်ဇင်။သူ့နာမည် အရင်းကတော့ ခိုင်ဇင်ဝင့်လှိုင်။လူတိုင်းကတော့ ခိုင်ဇင်လို့ခေါ်ကြသည်။

အခုပျော်နေရခြင်းက တခြားမဟုတ်။လေယာဉ်ကွင်းက Security ဘဲကြီးကြောင့်။ခိုင်ဇင် အလုပ်ကိစ္စကြောင့် လေယာဉ်ကွင်း အမြဲလာနေရတာ ဒီလို အဆင် မျိုး တခါမှ မတွေ့ဘူးပါ။အကုန်လုံးက ပုကွကွ ပိန်ညှောင်ညှောင်တွေ။အခုကတော့ ဘယ်လိုဖြစ်လဲမသိ အဆင်ရောက်လာပြီပေါ့။

တကယ်တော့ ခိုင်ဇင် အိတ်သယ်ခိုင်းတာ "ဒီယုန်မြင်လို့ ဒီခြုံထွင်လိုက်ခြင်း" သာဖြစ်သည်။ခိုင်ဇင်ဆိုသည်မှာ ဒီလောက် အိတ်က တော့ အသာလေး မနိုင်ပါသည်။သူက လူသာ သေးတာ အားကတော့ သန်သည်။But ဟိုးထား အဲ့လိုအားသန်‌လို့ နေရာတိုင်းသုံးတယ် မထင်လိုက်နဲ့။ခုနကလို အဆင်တောင့်တောင့်ဖြောင့်ဖြောင့်လေး မြင်လိုက်ရင် ချက်ချင်း အားတွေက မရှိလိုက်တာများသည်။

Infieno:the series(Let me cause a little trouble🤭🥰😘)Where stories live. Discover now