Let me cause a little trouble🥰(Chap2)

24 7 0
                                    

"ရင်ခုန်အောင် ပြုံးမပြနဲ့ ချစ်ဆုံးရယ်၊သူများတွေရင်ထဲမှာ မင်းအရိပ်လေးမသန်းစေချင်ဘူး...."

"နားညီးတယ်။"

"နားညီးရင်ပိတ်ထား။ငါနင့်ထက်ရာထူးကြီးတယ် ပါးစပ်ပိတ်။"
              
             ခိုင်ဇင် အူမြူးစွာနဲ့ လေယာဉ်ကွင်းကို ပြန်လာနေတုန်း သီချင်းလေး ဆိုမိပါတယ်။ဟိုကျက်သရေတုံးလေးက လာပြီး ပိတ်ပင်နေသေးသည်။သူ့ကိုယ်သူ ရာထူး ငယ်တာကိုမသိတာလားမသိ။ခိုင်ဇင်တို့ကတော့ အခုဘဝမှာ ပထမဦးဆုံးတခေါက် မြန်မာပြည်ပြန်ရတာကို ပျော်နေမိသည်။
              ဘာလို့လဲဆို မြန်မာပြည်လေယာဉ်ကွင်းက ဘဲကြီးကြောင့်၊ပျော်နေတာလည်း ဘဲကြီးကြောင့်၊ရင်ခုန်တာလည်းဘဲကြီးကြောင့်၊တက်ကြွနေတာလည်းဘဲကြီးကြောင့် အဟိ...သူဘာလုပ်လုပ် ဘဲကြီးကြောင့်။
               ဘက်မှန်ကနေ နောက်ကိုကြည့်ပြီး အောင်လင်းခန့်ကတော့ စိတ်လေမိသည်။ပြုံးစိစိဖြင့်ဖုန်းကိုကိုက်လိုက်၊လက်သည်းကိုက်လိုက်၊ကားမှန်ကို ခေါင်းနှင့်ဆောင့်တာလား ခေါင်းတင်တာလားမသိတာလုပ်လိုက်နဲ့....ဪ....သူ့ သူငယ်ချင်း ရောဂါတော်တော်ဆိုးလာပြန်ပြီ။
*************************
At Thailand Airport,
                  ပြန်ရတော့မည်။ပြန်ရတော့မည်။ပြန်ရတော့မည်။ခိုင်ဇင် အရမ်းပျော်ပါသည်။အခု အိတ်တောင် သယ်လာတာ လက်တဖက်ထဲနဲ့။ဟုတ်ပါသည်။မြန်မာပြည်မှာတုန်းက မသယ်နိုင်လို့ ကူသယ်ခိုင်းတဲ့အိတ်ကို လက်တဖက်ထဲနဲ့ သယ်လာတာပါ။
            ကားတံခါး ဖွင့်ပေးရင်း ခိုင်ဇင့်ကို အနောက်ကနေ ပါးစပ်အဟောင်းသားနှင့် အံဩစွာကြည့်ရင်း ကျန်ခဲ့သူကတော့ အောင်လင်းခန့်။သူ့ သူငယ်ချင်း ရောဂါက တော်တော် မတရားကို ဆိုးနေပါပြီ။အခုအခြေအနေကို ကြည့်ပြီး သိလိုက်ရပါသည်။
************************
On the plane,

"အမ။"

ခိုင်ဇင် ဘေးက ထိုင်နေသော အမကို ခေါ်လိုက်တော့ ကျက်သရေရှိလှသည့် အပြုံးကိုပြုံးပြီး လှည့်ကြည့်လာသော သူက တော်တော်လေးကို ဂုဏ်သရေရှိလှပါသည်။မိန်းမမဆန်ဘဲ ယောင်္ကျားလေးတစ်ယောက်လို Suit ဝတ်ထားတော့ ပိုလို့တောင် အာဏာ ရှိသည့် အမျိုးသမီးတစ်ယောက်ပုံ‌ ပေါက်လှသည်။

Infieno:the series(Let me cause a little trouble🤭🥰😘)Where stories live. Discover now