မိုးလေးက တဖွဲဖွဲကျနေတုန်း Hot chocolate ပူပူလေးကိုသောက်ပြီး မာလာရှမ်းကော လေးကို အရသာခံကာစားနေသော သူနှစ်ယောက်က ဟေမာန် နဲ့ ခိုင်ဇင်။
"အားး...အီးး...စပ်တာဟယ်။"
မျက်နှာလေးကို ရှုံ့မဲ့ပြီးပြောလိုက်သူက ခိုင်ဇင်။
"အဲ့လောက်လည်းမဟုတ်ပါဘူး။"
အငြင်းစကားဆိုလာသူက ဟေမာန်။
"ဟဲ့ ဒီလောက်စပ်ပြဲလန်နာကို ဘယ်နားက မစပ်တာလဲ။အမလေး ငါ့လျှာလေးတော့ လောင်နေပြီ။"
"Wattpad ဖတ်ရင် ပိုလောင်တယ် မမ။"
"ဟယ်!!!ချယ်ရီ ပြန်ရောက်နေပြီလား။"
အိမ်ရှေ့တံခါးမကြီးနားမှာ ထီးခေါက်ပြီးစကားဆို လာသူကိုကြည့်လိုက်တော့ ဟေမာန့် ညီမ တစ်ဝမ်းကွဲ ရှမ်းမလေး လွန်းချယ်ရီမောင်။
"ကြာပေါ့။"
"ဟယ် ဟေမာန်။ကြည့်စမ်းရက်စက်တာ။ငါ့ညီမလေးပြန်ရောက်တာကိုမပြောဘူး။"
"မဟုတ်ဘူး မမရေ ညီမက တစ်ရက် နှစ်ရက်နေရင်ပြန်မှာမို့လို့။"
"ဪ ဘယ်လိုဘဲဖြစ်ဖြစ်လေ တွေ့ရတာပေါ့။"
ခိုင်ဇင်က ပြောလည်းပြော မာလာရှမ်းကောလေးလည်းစား ဟေမာန့်ကိုလည်း နဂါးမျက်စောင်းလေးထိုးထားသေးသည်။
"အမလေး ပြာကျတော့မယ်။အဲ့လောက် ဖြစ်ပျက်မနေနဲ့။ငါ့ညီမ ပြန်လာတာမပြောလည်း နင်သေမသွားဘူးဟဲ့။"
"ငါက ငါ့ညီမကို အကူအညီတောင်းစရာရှိနေလို့ဟဲ့။"
ဟေမာန်လည်း စိတ်တိုတိုနဲ့ ရွဲ့ပြီး
"ဘာလဲ လင်ရှာခိုင်းဖို့လား။"
"ဟုတ်တယ်။"
"ဗုဒ္ဓေါ!! မိခိုင်ဇင် ဘယ်လိုတုန်း။"
"အဟီး ဒါက ဒီလို....."
****************************
At Yangon international airport,မနက်စောစောစီးစီး ဝတ်စုံပြည့်ဝတ်ကာ ကင်းလှည့်နေရသည်က သူရိန့်အတွက်တော့ ဘဝမှာ စာမေးပွဲပြီးရင် စိတ်ပျက်ဖို့အကောင်းဆုံးအရာဖြစ်သည်။ပျင်းတိပျင်းရွဲ့နဲ့ ဘေးဘီဝဲယာကို မကြည့်ဘဲ လျှောက်နေရာ ရင်ဘတ်က အောင့် သွားသဖြင့် ငုံကြည့်လိုက်တော့ ပုတုတုမူကြိုကျောင်းသားစတိုင် ချာတိတ်လေး။ရုတ်တရက် အာမေဋိတ်လေး တလိုက်ပြီး သူ့နဖူးကိုသူအုပ်ကာ သူရိန့်ကို မော့ ပြီး ကလေးလူမိုက်စတိုင်ဖြင့်
"အာ့။ ခင်များ လူတစ်ယောက်လုံး လာနေတာ မမြင်ရအောင် ကန်းနေလားဗျ။အားးးးး ငါ့အဖိုးတန် နဖူးလေး နာသွားပြီ။ခင်များ ဘယ်လိုတာဝန်ယူမှာလဲပြော။နာလိုက်တာ"
သူကလည်း ကိုယ့်ကို အရှိန်နဲ့ ဝင်တိုက်သေးတယ်။သူက ကိုယ့်ကို ပြန်စွပ်စွဲနေတော့ သူရိန်လည်း စိတ်က အချဉ်ပေါက်သွားပြီး သူ့ရဲ့ လေးပေကျော်ကျော်အရပ်လေးကိုမှီအောင် ငုံကာ ချာတိတ်လေး မျက်နှာနား ကပ်သွားကာ ရိတိတိပြန်ကြည့်ပေးလိုက်ပြီး.....
"ကိုယ်က ဘယ်လို တာဝန်ယူပေးရမလဲဆိုတော့ လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပြီးတာဝန်ယူပေးရမလား?"
သူရိန်ပြောလိုက်တော့ မျက်နှာဖြူဖြူလေးတစ်ခုလုံးက ခရမ်းချဉ်သီးလို နီရဲတော့ သူရိန်လည်း ကပ်စီးနည်းသူပီသစွာ တစ်ဖက်ထဲ ပါတဲ့ သွားထပ်လေးပေါ်ရုံပြုံးလိုက်မိသည်။
Junenathan သူ့ကို လာပြီးစော်စော်ကားကားလာပြောသူကြောင့် စိတ်တွေတိုလာကာ ရန်ပြန်တွေ့မလို့ လုပ်ရုံရှိသေး မျက်နှာရှေ့က ထိုကျက်သရေ မရှိသူက အပြုံမမည်သော အပြုံးလေးကိုပြုံးလိုက်တော့ သွားထပ်လေးပေါ်လာသည်။စက္ကန့်ဝက်မျှ သာရှိသော်လည်း ရန်ပြန်တွေ့မည့် June ရဲ့ ပါးစပ်လေးကိုတော့ လှုပ်ရှားမရအောင်လုပ်လိုက်နိုင်သည်။
သူ့ကိုယ်သူလည်းဘာမှန်းမသိပင်မဲ့ ထိုသူ့အပြုံးကိုမြင်ပြီး ရင်ထဲက ဒုန်း ဒုန်း ဒုန်း နဲ့ အဆက်မပြတ်ခုန်လာသည်။ဘုရား..ဘုရား အခုသူ ယောင်္ကျားလေးတစ်ယောက်အပြုံးကြောင့်...ရင်..ခုန်...ဟာ! မဖြစ်နိုင်ပါဘူး။သူက အဖြောင့် မိန်းမ ဘဲယူမှာ။June group ဆက်ခံသူ Junenathan က အဖြောင့် မကွေးဘူး။ရင်ခုန်မြန်တာ နှလုံးရောဂါ ဖြစ်ချင်လို့။ဟုတ်တယ် ရှေ့ကလူကြောင့်မဟုတ်ဘူး။သူလည်း စိတ်ရှုပ်လာဖြင့်.........
"ဖယ်တော့ဗျာ။အလုပ်ကို ရှုပ်တယ်။မြန်မာတွေ အဲ့တာကြောင့်ကြည့်မရတာ။"
သူရိန်သူ့ကို တွန်းပြီး လက်ဆွဲအိတ်ကိုမနိုင်မနင်း ဆွဲပြီး ထွက်သွားသူကိုကြည့်ပြီး စိတ်ထဲမှာ ခွီ မိပါသေးသည်။ဘာတဲ့ မြန်မာတွေကို ကြည့်မရဘူးတဲ့။သူကျ မြန်မာမဟုတ်သလိုလိုနဲ့။
***********************
Update 😁😁😁😁 ထင်ချင်သလိုသာ ထင်ကြ🤗
YOU ARE READING
Infieno:the series(Let me cause a little trouble🤭🥰😘)
Romanceဒုက္ခနည်းနည်းပေးပါရစေ။ (ခိုင်ဇင်ဝင့်လှိုင်) ဒုက္ခတွေဘဲပေးနေတော့မှာလားကွာ။ (ခွန်းသူရိန်လွင်)