Let me cause a little trouble 🥰 (Chap5)

15 2 0
                                    

ဒေါက် ဒေါက် ဒေါက်

တံခါး‌ခေါက်သံက တိုးညှင်းညှင်း။မနက်ခင်း တွေဆို ခုရက်ပိုင်း လုပ်စရာမရှိ၍ အပျင်းတစ်နေတတ်တာ ခုတော့ မရတော့ဘူးနဲ့တူပါတယ်။အိမ်မှာ ခိုင်ဇင့်အဖေ ပြန်ရောက်နေပြီလေ။

"သမီး ခိုင်ဇင်ရေ။"

"နိုးပြီအဖေ။မနက်စာစားနှင့်။ရေမိုးချိုးပြီး လာခဲ့မယ်။"

သွက်သွက်ကလေး ကိုယ်လက်သန့်စင်ပြီးခိုင်ဇင် အိမ်အောက် ဆင်းလာကာ မီးဖိုချောင်ထဲတန်းသွား တော့အဖေက ကော်ဖီသောက်ကာ သတင်းစာဖတ်နေသည်။အဖေ့ ဘေးခုံမှာ ဝင်ထိုင်ပြီးတော့ ဘေးဘီဝဲယာ ကြည့်လိုက်သော ဟိုတယောက်မရှိ။

"အဖေ ညီမလေးရော။"

"ဪ။သမီး ညီမ မပါဘူး သူ့အတန်းတွေမပြီးသေးလို့။"

"ဟုတ်ပြီ။ဟုတ်ပြီ။ဒါနဲ့ အဖေရော ဘယ်နေ့ ပြန်မှာလဲ။"

"ငါ့သမီးက ရောက်တာတောင်မကြာသေးဘူး ဖအေ ကို နှင်ထုတ်ချင်နေပြီ။"

"ဟယ် မဟုတ်တာအဖေရယ်။သမီးက မေးတာပါ။"

"အေးပါ အေးပါ။"

အဖေက ပြုံးပြီး တော့ သတင်းစာကို သာ ဆက် ဖတ်နေသည်။ခိုင်ဇင်လည်း မနက်စာ ကို မြန်မြန် လက်စသတ်လိုက်ပြီး သင်တန်း သွားဖို့ ပြင်ဆင်ရသည်။အဖေက တော့ အိမ်ပြန်လာတုန်း ခဏ နားမည်ဆိုပြီး အိမ်မှာဘဲနေသည်။
        ခိုင်ဇင်တို့က သားအဖသုံးယောက်ဘဲရှိတာဖြစ်သည်။အဖေ နဲ့ ညီမလေးက အမေရိကမှာနေသည်။အဖေက ထိုက ကျောင်းတကျောင်းမှာ စာသင်သည်။အဖေ့လစာက ဟိုမှာ ညီမလေး ကျောင်းတက်ဖို့တော့ လုံလောက်ပါသည်။ခိုင်ဇင်ပါ သွားရင် အဖေပင်ပန်းမှာ ဆိုးလို့ ဒီမှာနေလည်း အဆင်ပြေတာမို့ ခိုင်ဇင်က တော့မြန်မာပြည်မှာဘဲနေသည်။
        အဖေနဲ့ ညီမလေးက ကျောင်းပိတ်ရက်တွေတော့ပြန်လာပါသည်။ခိုင်ဇင် အထီးကျန်လားမေးရင် တခါတလေတော့ ပင်ပန်းတဲ့အချိန်ဘေးနားမည်သူမှမရှိရင် အထီးကျန်ပြီးဝမ်းနည်းဖို့ကောင်းသည်။သို့သော် မိသားစုလေး အေးအေးချမ်းချမ်းဖြစ်နေတာဘဲ ခိုင်ဇင်ပျော်သည်။ဒီလိုလေးလည်း ဒီမိသားစုလေးက ပျော်‌ရွှင်နေရတာပါဘဲ။
************************
At secret spying class,

Infieno:the series(Let me cause a little trouble🤭🥰😘)Where stories live. Discover now