Let me cause a little trouble 🥰 (Chap4)

12 2 0
                                    

"အာ့"

          သူရိန် သူ့နောက်ကျောကို ခပ်မာမာ အရာတခုက လာတိုက်သဖြင့် ကျောအောင့်သွားသောကြောင့် အော်လိုက်မိသည်။အော်သည်ဆိုသော်လည်း ကလပ်က တီးလုံးသံတွေနဲ့ သူ့အသံ တအားလည်း မကျယ်သောကြောင့် သိပ်မကြားရ။
            လူက အိပ်ရာနိုးကာစ စိတ်မကြည့်နေတုန်း အသားနာအောင် လာလုပ်တော့ စိတ်ထဲက မြိုသိပ်ထားသော ဒေါသမီးတောက်တွေပေါက်ထွက်ကာ ဆွဲထိုးဖို့ လှည့်လိုက်တော့ သူ့ရှေ့မှာ ဘယ်သူမှမရှိ။သူလည်းနည်းနည်း ကြောင်သွားပြီး အောက်ကို ငုံ့ကြည့်လိုက်တော့ ကလေးလိုလို ခွေးလိုလို ကလေးမ ပေါက်စလေး တစ်ယောက်။
               သူရိန့်ကို သတိလတ်လွတ်ငမ်းနေတာ တောင်းပန်ဖို့တောင်သတိမရသလို။တခါတလေ ရုပ်ချောတာက အဲ့လိုဘဲ နည်းနည်း အခက်အခဲတွေရှိတယ်။ခုဘဲကြည့် ကလေးမလေးက ငမ်းနေတာ ပါးစပ်ကြီးဟောင်းလောင်းနဲ့ ‌သားရေတွေတောင် ကျနေသလားမသိ။
              သူရိန် သူချောမှန်းသိပါသည်။ဒါမဲ့ ချောလို့ငမ်းတယ်ဆိုတာသိပင်မဲ့ အမှားလုပ်ထားပြီး မတောင်းပန်တာကိုတော့မကြိုက်။ကလေးမလေးကလည်း သတိဝင်ပြီး တောင်းပန်မဲ့ပုံမပေါ်။ဒါကြောင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သူ့ကိုအပြစ်ပေးရမည်လေ။
               ကလေးမက ပါးစပ်က ဟထားတော့ သူရိန်လည်း အကြံရသွားပြီး သူ့လက်ထဲက ကိုင်ထားသော ဝီစကီ တွေကို ကလေးမလေး ပါးစပ်ထဲ လောင်းချလိုက်တော့ အကုန်မဝင်သွားပင်မဲ့ တော်တော်များများတော့ဝင်သွားသည်။ကလေးမလေးလည်း သတိဝင်လာပြီး ယောင်ယမ်းကာ အကုန်လုံးကို မျိုချလိုက်တော့ သူရိန်အပြစ်ပေးတာထိရောက်ပါတယ်လေ။

"ဟဲဟဲ"
သူရိန်က ညစ်ကျယ်ကျယ်ရယ်လိုက်သည်။

                ခိုင်ဇင်လည်း အတွေးထဲ‌တွင် လက်ထပ်၊ကလေးမွေး၊ကြည်နူးနေတုန်း အငမ်းလွန်ကာ ပါးစပ်ကို ဟထားမိသည်။အတွေးကောင်းနေတုန်း ပါးစပ်ထဲ ပူပူအရည်ကြီးတွေရောက်လာလို့ ပါးစပ်ပိတ်ကာ ယောင်ယမ်းမြိုချမိလိုက်တော့ လည်ချောင်းတခုလုံးပူဆင်းသွားသည်။ခိုင်ဇင့်မှာ အရသာကြီးက ဆိုးလွန်းလို့ မျက်လုံးပိတ်ထားရသည်အထိ။နည်းနည်း စက်သာသွားမှမျက်လုံးဖွင့်ကြည့်တော့ သူ့ဘဲရီး မရှိ‌တော့။
*****************************
"အေ့...ဘယ်ကောင်က...အေ့...ငါ့ခါးကိုဖက်ထားတာလဲ...‌အေ့...ဖယ်စမ်း.."

Infieno:the series(Let me cause a little trouble🤭🥰😘)Where stories live. Discover now