Let me cause a little trouble🥰(Chap3)

21 2 0
                                    

"ခွမ်း ဂလွမ်း ဂလွမ်း"

"ဟေ့ကောင် သူရိန်!!!!"

"ဘာလဲ"

"ဘာကွ!! မင်းအဖေနဲ့ ပြောနေတာနော်။အချိုးပြေပြေပြော။"

"ပြေစေချင်ရင် ဖြည်ချလိုက်လေ။မဖြည်ဘဲတော့ မပြေဘူး။"

"ဒီ...."

         တနေ့တနေ့ ဒီဂြိုလ်ဆိုးကောင်ကြောင့် ဦးခန့်လွင် သွေးတိုးရပေါင်းများပြီ။ဘယ်တော့မှ အိမ်က အေးချမ်းတယ် မရှိ။ရှာသမျှ ပြဿနာက ဘယ်မှ လိုက်မရှာဘူး အိမ်ထဲတင် ပြဿနာပေါင်း သောင်းခြောက်ထောင်ရှာနိုင်သော သူ့သားကိုလည်း ချီးကျူးရမလား အံ့ဩရမလား အပြင်မှာ ပြဿနာလိုက်မရှာတာကိုဘဲ ကျေးဇူးတင်ပြီးထိုင်ကန်တော့ရမလားမသိတော့။

"ကဲ...အေး ငါဘဲမှားတာ။အခုက ဘာဖြစ်ပြန်တာလဲပြော။"

"ကြက်ဥကြော်မလို့။"

"ဟမ်...ကြက်ဥကြော်တာ အခုပြုတ်ကျသွားတဲ့ ဇလုံက ဘာလုပ်ဖို့တုန်း။"

"ကြော်ဖို့လေ။"

"အေးလေ။အဲ့တာ ဇလုံနဲ့ ဘာဆိုင်တုန်း။"

"သံက အပူပေးရင်ဘာဖြစ်လဲ အဖေ။"

   
    အတည်ပေါက်ကြီးမေးလာသော သားကြောင့် ရွှဲ့နေတာတော့ မဟုတ်ဘူးထင်ပြီး သူလည်း အကောင်းသာပြန်ဖြေလိုက်၏။

"ပူလာတာပေါ့ကွ။"

"အဲ့တာဘဲလေ။"

"ဘာကိုတုန်း။"

"ကြက်ဥကြော်ဖို့ ပူဖို့လိုတယ်လေ။သံဆိုတာပူတယ်အ‌ပူပေးရင် အဲ့တော့ ကြက်ဥကြော်ဖို့ ဇလုံနဲ့လေ။"

"ဘာ။မင်း ကြက်ဥကြော်တာ ဒယ်အိုးနဲ့ကြော်ပါလား။ဘာလုပ်ဖို့ ဇလုံလဲ။"

           သူမေးခွန်းထုတ်လိုက်တော့ သူ့သားက အနည်းငယ်စဉ်းစားနေသည်။ဦးခန့်လွင်ထင်လိုက်သည်က သူ တခုခု ကို များသိချင်လို့ ဇလုံနဲ့ကြော်တာလား။ Experiment တွေဘာတွေလုပ်ဖို့လားလို့ ထင်လိုက်စဉ် သူ့သား ဖြေလာပုံက ဆဲဖို့ အကြောင်းပြချက်လုံလောက်ပါသည်။ဖြေလာတာကတော့

"ဒယ်အိုးက မဆေးရသေးလို့။မဆေးချင်တော့လို့"တဲ့လေ။

     
      အခုအချိန်မှာ ဆဲမိတဲ့ ဦးခန့်လွင်အလွန်မဟုတ်ဘူးလို့တော့ထင်ပါတယ်။
**********************
"ဟေ့ကောင်။အလုပ်မသွားသေးဘူးလား။"

Infieno:the series(Let me cause a little trouble🤭🥰😘)Where stories live. Discover now