Let me cause a little trouble 🥰(Chap9)

5 0 0
                                    

‌ဤအပိုင်းတွင်ဇာတ်လမ်းလိုအပ်ချက်ကြောင့်သုံးနှုန်းရသောစကားလုံးများသည်တစ်စုံတစ်ယောက်ကိုမျှထိခိုက်စေချင်လိုခြင်းမရှိပါ။ဤအပိုင်းတွင် သုံးနှုန်း သော စကားပြောများကြောင့် တစုံတယောက်‌ယောက်ကို ထိခိုက်ခဲ့သည်ရှိ သော်တောင်းပန်အပ်ပါသည်။

လင်မယား နှစ်ယောက် အိမ်ပြန်ရောက်တော့ ကိုယ့်မောင်အကြောင်းပြန်ပြောပြပြီး နှစ်ယောက်လုံးရင်မော သွားတယ်။ပြောရရင် နေခြည့် ခင်ပွန်း ကလည်း သူရိန့်ကို ဂရုစိုက်ပါသည်။ဒါကြောင့်လေ ချစ်နေရတာပေါ့။

"သူရိန်နဲ့ ကိုယ် တရက်လောက်တွေ့ကြည့်လိုက်ပါ့မယ်။ခြည် အရမ်းစိတ်မပူပါနဲ့။"

"အမ်းဘာ။"

"အဟီးဟီးဟီး....."

အတည်အတန့်ပြောနေရာကနေ စပ်ဖြဲဖြဲလုပ်လာသော ခင်ပွန်းဖြစ်သူကြောင့်

"ဘာဖြစ်တာတုန်း အဲ့တာကလေ။"

"ဟဲဟဲ..ဟိုလေ ည..ညကျရင်လေ..‌ဟိုကောင်တေနဲ့သွားတွေ့ဖို့။"

"ဪ ဘာများလဲလို့ဟယ် သွားသွား။"

ထင်ထားသလို တုံ့ပြန်မလာသူကြောင့် ထက်မြက် ဆန့်တငင်ငင်ဖြစ်သွားသည်။

"ကိုယ့် ယောင်္ကျား ညပိုင်းအပြင်ထွက်တာ ပွစိပွစိလေးလုပ်ပါလားတော်။"

"ဟယ် အခြောက်ကြီး။‌ငါတောင် စကားပြောရင် "တော်" မသုံးဘူး။"

"အေး အဲ့အခြောက်ကို နင်ယူထားလေ။တကယ်တည်းတော် ယောင်္ကျားယူထားပြီးသဝန်လေးတိုတာ ချုပ်ချယ်တာ ဘာတောင်မရှိဘူး အံ့ဩပါ့ဘဲ။"

သူ့စကားအဆုံးနှိုက် ခွက်ထိုးခွက်လန်ရယ်သူက တခြားသူမဟုတ်သော သူ့ချစ်ဇနီး "နေခြည်"။

"အမလေးဟယ်။ငါရီရတာ အူတက်။ငါ ယောင်္ကျားယူထားတာလား အမေကောက်ရထားတာလားမသဲကွဲဘူး။ရီရတာသေပါပြီဟယ်။"

ရယ်ရလွန်းလို့ မျက်ရည်တေပါကျနေသော ဇနီးဖြစ်သူကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ခေါင်းခါမိသည်။နောက်တော့ သူပါ ပြုံးမိတော့တာပေါ့။ချစ်နေတော့လည်း ဘယ်တက်နိုင်မလဲဗျာ။
******************************************
သူရိန်တစ်ယောက် လေဆိပ်မှာ ယောင်လည်လည် နဲ့ ဟိုလျှောက်ဒီလျှောက်ပေါ့။ဒီနေ့သူ့ဂျူတီချိန်လေ။ဒါမဲ့လည်းစိတ်မဝင်စားပါ။ဂျူတီဆိုတာ ဝင်ချင်လို့ဝင်နေရတာမှမဟုတ်တာ။ဝင်ခိုင်းလို့ဝင်နေရတာမို့ ယောင်လည်လည်လေး လေဆိပ်ကိုပတ်နေတာဖြစ်သည်။သူများတေကြည့်လို့မသိရင်တော့ ကင်းစောင့်နေသည်ပေါ့။တကယ်က လူက မြန်မာပြည်လေဆိပ်မှာဆို စိတ်က အီသီယိုးပီးယားရောက်နေတာမျိုး။ဘာမဆိုင်ညာမဆိုင် ဟိုနေ့က တိုက်မိတဲ့ ချာတိတ်လေးကိုလည်း သတိရတော့ ပြုံးမိသေးတယ်။

ပြောမဲ့သာပြောတာ သူရိန့်ကို လာတိုက်ကြတဲ့ ချာတိတ်က နှစ်ယောက်တောင်။ခုနက လေဆိပ်မှာ တိုက်မိတဲ့ ချာတိတ်လေးကို စိတ်ရောက်ပြီးတော့ ကလပ်မှာတိုက်မိတဲ့ ချာတိတ်မလေးကိုလည်း သတိရလိုက်ပါသေးသည်။မှတ်ထားတာ အပြစ်မဟုတ်ပါဘူး။နှစ်ကောင်လုံးက ပုပုလေးနဲ့ချစ်စရာလေးတေလေ။

တွေးနေတုန်း ဖုန်းက မက်ဆေ့ ဝင်လာလို့ စီစီတီဗီကွယ်ရာ သွားပြီးဖုန်းကိုထုတ်ကြည့်ရသည်။မဟုတ်ရင် အလုပ်ချိန်ဖုန်းသုံးလို့ဆိုပြီးရတဲ့ ပိုက်ဆံ တစ်ပဲခြောက်ပြားက အဖြတ်ခံရမည်လေ။မက်ဆေ့ကိုကြည့်လိုက်တော့ စိတ်ပျက်စရာ။ပို့လာတဲ့ မက်ဆေ့ကတော့

" ီး လုပ်မနေနဲ့ မြန်မြန်လာ ဂျူတီပြီးတာနဲ့။"
*************************************
ခိုင်ဇင် တစ်ယောက် သူ့ခန္ဓာကိုယ်ထက် လေးသော စက္ကူပုံးကြီးကို သယ်လာတာ မသိရင် Strong woman Do Bongsoon ထဲက မင်းသမီးလိုလို။သူက အဆင်လေးတွေမရှိရင် ဒီလိုပါဘဲ သန်မာရတာပေါ့။အဲ့တာကြောင့်ဘဲ မမဖြိုးက ရှိသမျှအကုန်ခိုင်းတာပေါ့။အဲ့လိုခိုင်းလို့ ပင်ပန်းတဲ့ရက်တွေဆို ကိုကိုဆိုပြီး ရင်ခွင်ထဲလှမ်းချွဲချင်ပင်မဲ့ မစွံတော့လည်း စိတ်ပျက်ဖို့ကောင်းသည်။ထိုအချိန် သူ့နောက်ကနေ လှမ်းခေါ်လိုက်သူက ‌မန်နေဂျာ မမ "သွန်းအင်ကြင်းဇော်"

"ဟယ် မမ ဘယ်ကနေ ဘယ်လို ဒီရောက်လာတာလဲ။"

"ဪ မမ ဒီဘက်ကို ကော်ဖီလာဝယ်ရင်းဝင်ဖြစ်တာ။နို့မို့ တရုံးတည်းတောင်အေ မသွားဖြစ်ပါဘူး။‌ခြေတိုလိမ့်မယ် ဒီလောက်အကျယ်ကြီးဆိုတော့။"

"ဟုတ်ပါ့ မမရယ်။အကျယ်ကြီးဆိုတော့ department တေကို paper တွေလိုက်ပေးရင် ခိုင်ဇင့်မှာ လေ ခြေထောက်တောင် ပျောက်သွားသလိုခံစားရတယ်။လမ်းလျှောက်ရတာဆိုတာ။အဲ့လိုလျှောက်ရလွန်းလို့ဘဲ အရပ်မထွက်တာနေမှာ။"

ထိုစကားကြားတော့ ခပ်တိုးတိုးရယ်နေသူက မမအင်ကြင်း။
"ခိုင်ဇင်ရယ်။ဘယ်လိုတောင်ပြောတတ်တာလဲ။ရီလိုက်ရတာ။"

"တကယ်ပြောတာ မမရဲ့။စိတ်ပျက်လာပြီ။"

"ဘာတွေကိုစိတ်ပျက်နေကြတာတုန်းကွဲ့!!!"

ကြားရလိုက်သည့်အသံကကြောင့် မမအင်ကြင်းရောခိုင်ဇင်ပါ အလန့်တကြားလှည့်ကြည့်လိုက်မိသည်။သူတို့ လှည့်မကြည့်ချင် ထင်လိုက်တာက မှန်တယ်ဆိုရင်တော့ သူတို့နောက်က လှမ်းခေါ်တဲ့သူက.................

*********************
Comeback after a few months.I will try to be updated.Please enjoy reading this.

Infieno:the series(Let me cause a little trouble🤭🥰😘)Where stories live. Discover now