Part 1

574 18 0
                                    

At Jeon Group Company ,
အစည်းအဝေးခန်းအတွင်း ဒီနှစ်မိုးရာသီcollectionအတွက် Modelရွေးချယ်နေကြသည်။
အားလုံးကအပြိုင်အဆိုင်ပြောနေကြတာက Model Vကိုရွေးရန်။
JungKookအနေနဲ့လဲ Model Vကိုရွေးသင့်တယ်လို့ထင်သည်။
ဘာလို့လဲဆိုတော့ Model Vကလတ်တလော Hitဖြစ်နေသည့်အပြင် သူ့လက်နဲ့ထိလိုက်တဲ့brandမှန်သမျှ မိနစ်ပိုင်းအတွင်း sold out ဖြစ်စေသည်အထိနာမည်ကြီးဖြစ်တာကြောင့်ပင်။

''Ok..ဒါဆို အတွင်းရေးမှူးJungက Model Vနဲ့ဆက်သွယ်ကြည့်ပါ ဒါဆိုဒီနေ့အစည်းအဝေးဒီလောက်ပါပဲ"JungKookပြောပြီး အရင်ရုံးခန်းဆီထွက်လာလိုက်တော့ အနောက်က HoSeok Hyungကပါလာသည်။

"JungKook နေ့လည်ကျရင် ရှယ်ယာရှင်တစ်ယောက်နဲ့ နေ့လည်စာစားဖို့်ချိန်းထားသေးတယ်နော်"

''ဟုတ်ပြီ Hyung ဒါနဲ့ Hyung ကျွန်တော့်ကိုတစ်ချက်လောက် Model Vရဲ့profileလေးတစ်ချက်လောက်"

''အင်း..ရော့ ဒီမှာ ''JungKook လဲ Hyungဆီက File ကိုလှမ်းယူလိုက်ကာ ဖွင့်ဖတ်လိုက်ကာ တွေ့လိုက်တဲ့ပုံက တစ်ယောက်ယောက်နဲ့တူနေသလိုခံစားလိုက်ရပေမဲ့ ဘယ်သူဆိုတာကိုတော့သူသေချာမသိ။

"အွန်း..မဆိုးပါဘူး သူ့ကိုပဲစာချုပ်ချုပ်ကြတာပေါ့ ယောကျာ်းလေးအတွက်က " JungKook ဖိုင်တွဲကို HoSeok Hyung ဆီပြန်ပေးရင်း ပြောလိုက်တော့

''ကောင်းပြီ Hyungစီစဥ်လိုက်မယ် ဒါနဲ့ မိန်းကလေးကျတော့ရော ဘယ်သူ့ကိုရွေးမှာလဲ"

''လောလောဆယ်တော့ Model Vကိုပဲအရင်ချိတ်လိုက် နောက်မှ တွဲဖက် Modelမိန်းကလေးရွေးတာပေါ့"

''ဟုတ်ပြီ ဒါဆိုHyung Model Vကိုကမျးလှမျးကွညျ့လိုကျတော့မယျ။"JungKook ခေါင်းငြှိမ့်ပြလိုက်တော့ Hyung ကထွက်သွားသည်။
.....................................................................
''အာ..ဟုတ်ကဲ့ ဒါဆို ဖုန်းခနလေးကိုင်ထားပေးလို့ရမလားမသိဘူး"

''.......''

''ဟုတ်ကဲ့ ခနလေးနော် "JiMin ဖုန်းကိုလက်တစ်ဖက်ဖြင့်အုပ်ကာ TaeHyungအား

"TaeTae... မင်းကို Jeon Group က သူတို့မိုးရာသီcollectionအတွက် ကမ်းလှမ်းတာ ဘယ်လိုလဲ လက်ခံလိုက်ရမှာလား".

''လက်ခံလိုက်လေ Mochi..Jeon Groupလို ထိပ်တန်းကုမ္ပဏီနဲ့လက်တွဲရမှာပဲကို "

You're the one who changed meWhere stories live. Discover now