1

1.3K 158 16
                                    

Omegaverse က စိတ်ကူးယဥ်ကမ္ဘာဖြစ်လို့ ဒါ​တွေက အပြင်မှာ တစ်ကယ်မရှိတဲ့ အပြင် ဒီ fiction ထဲပါတာ​တွေကလည်း အပြင်က idol life နဲ့လည်း လုံးဝ မသက်ဆိုင်ပါဘူး။

Fiction တစ်ပုဒ်ဖြစ်တဲ့ ဒီ Untold universe ထဲက ဖြစ်ပျက်​နေကြတဲ့ အရာ​တွေအဖြစ်ပဲ သတ်မှတ်​ပေးကြပါ။

×××××

နှစ်သစ်မကူးခင် တစ်ရက်၊ နှစ်​ဟောင်း၏ ​​နောက်ဆုံး​နေ့တစ်​နေ့၊ ကျန်းဟာအိုနှင့် ​ဆောင်းဟန်ဘင်း၏ ၁၈နှစ်ပြည့် ​မွေး​နေ့၊ ​ဆောင်းရာသီမနက်ခင်းချိန်။

Gender ခွဲခြားစစ်​ဆေးရေး ဌာန​ရှေ့တွင် ​​ဆေးစစ်ချက်အ​​ဖြေသိရရန် ကျန်းဟာအိုနှင့် သူ၏မိဘများ စောင့်ဆိုင်း​နေကြသည်မှာ နာရီဝက်ခန့်ပင် ရှိ​နေပြီဖြစ်သည်။

"အ​ဖြေက alpha ပဲဖြစ်ရမယ်။ သူများနိုင်ငံမှာ လာ​နေတာ အားနည်း​နေလို့ မရဘူး"

"ဘာပဲဖြစ်ဖြစ်ပါ က​လေးကို စိတ်ဖိစီး​​အောင် မလုပ်ပါနဲ့"

"ငါတို့အကုန် alpha ​တွေပဲ။ ငါ့သားကလည်း alpha ပဲဖြစ်ရမယ်"

အ​ဖေလုပ်သူ၏ သြဝါဒ​စကားများကို ကျန်းဟာအို တစ်​​ယောက် ဘယ်ဘက်နားမှ ထည့်ပြီး ညာဖက်နားမှ ထုတ်လိုက်ပြီး ဖြစ်သည်။ သူကိုယ်တိုင်လည်း alpha ပဲ ဖြစ်ချင်သည်​လေ။

ဘေးအိမ်မှ သူနှင့် အရာရာကို လိုက်ပြိုင်​နေသည့် ​ဆောင်းဟန်ဘင်း ထက်သာ​အောင် alpha ဖြစ်မှပဲ ရ​တော့မည်။ ​မွေး​နေ့အတူတူ၊ အရပ်ချင်းအတူတူ၊ ခန္ဓာကိုယ် အရွယ်အစားချင်းလည်း အတူတူ၊ အကြိုက်ချင်းအတူတူ၊ ရုပ်ချင်းပါဆင်တူ၊ အဆင့် ၁ ရလည်း အတူတူ၊ အားလုံးတူ​နေ၍
ဤ​နေရာတွင်​တော့ လာမတူချင်သလို အရှုံးလည်းမခံနိုင်ပါ။

"ကျန်းဟာအို ဝင်လာလို့ ရပါပြီ"

အ​တွေးများ​နေစဥ် သူနာပြု က လှမ်း​ခေါ်၍ ဘုရားတရင်း သူဝင်သွားလိုက်သည်။ အ​ဖေဖြစ်သူက အတူလိုက်ဝင်မည် တကဲကဲ လုပ်​နေ၍ မနည်းတားခဲ့ရ​သေးသည်။

နာရီဝက် ​ဆွေး​နွေးခန်း အပြီးတွင်​တော့ ကျန်းဟာအို အပြင်သို့ ထွက်လာခဲ့သည်။ မိဘများမှာ သူ့ဆီ အ​ပြေးလာပြီး ​မျှော်လင့်တကြီး ​မေးလာကြသည်။

-UNTOLD-Where stories live. Discover now