9

1.2K 178 31
                                    

ကျန်းဟာအို ​မေ့လဲကျသွားချိန်မှစ၍ လုပ်​ဆောင်ရသည့် အရာရာတွင် ​ဘေးလူ တစ်​​ယောက်ကဲ့သို့ ခံစားလာ​ရသောအခါ ​​ဆောင်းဟန်ဘင်း၏ ရင်ထဲမှ ဒေါသမီးလျှံ​လေးက ​တောက်​လောင်စပြုနေပြီဖြစ်သည်။ အုပ်ထိန်းသူ အဖြစ်လည်း နေခွင့်မရ၊ လူနာခန်းထဲလည်း ဝင်ခွင့်မရ​သေး၍ အမျိုးစုံကို အခဲမ​ကြေ ဖြစ်​နေစဥ် ထိုအ​ကြောင်းအရာတို့၏ ရင်းမြစ်က ​သူ့အနားသို့ ရောက်လာသည်။

"​ငွေကို​တော့ ငါပဲ ရှင်းခဲ့လိုက်တယ်"

"....."

"ဆရာဝန်က စိတ်မပူဖို့ ပြော​တော့ ခဏ​လောက် ထိုင်​စောင့်​နေပါလား"

"....."

ချွဲရှီဝန်း၏ ​လောကွတ်စကားများကို ​ဆောင်းဟန်ဘင်းဖက်မှ ပြန်လည်ကာ ခွန်းတုံ့ပြန်ရန် အ​ကြောင်းအရင်းလည်း တစ်စက်မှ မရှိသည့်အတွက် မကြားချင်‌ယောင်သာ ဆောင်နေလိုက်တော့သည်။

ထိုသူ၏ မကောင်းသတင်းများ ပျံ့နှံ့နေသည်မှာ တစ်ကျောင်းလုံး အသိဖြစ်သော်လည်း ကျန်းဟာအိုမှာ နုံအအဖြင့် ထိုသူအား တလေးတစား ဆက်ဆံနေသည်ကို မြင်ရတိုင်း တစ်ခုခု လုပ်ပစ်ချင်သော်လည်း စိတ်ကို မနည်းထိန်းထားရသည်။

ကျန်းဟာအို လဲကျကျချင်းတွင်လည်း အားလုံးထက် ဦးအောင် ကျောပိုးပြီး သယ်သွားကတည်းက ​ဆောင်းဟန်ဘင်းမှာ ထိုစီနီယာကို တစ်စစီ ဖြစ်အောင် လုပ်ပစ်ချင်လှပြီ။

"စီနီယာက ​ပြော​နေရင် ပြန်​ပြော​လေ"

"...."

"​ဆောင်းဟန်ဘင်း ငါ​ပြောတာ မကြားဘူးလား"

"...."

"​ဟေ့​ကောင် ငါ စကား​ပြော​နေတယ်​လေ!!!"

ပြန်မ​ဖြေချင်သည့်ကြားမှ သူ၏အသံကိုပါ ထပ်မကြားချင်​တော့၍ ​ဆောင်းဟန်ဘင်းက သန့်စင်ခန်းဆီသို့ ထွက်သွားလိုက်သည်။ ​​မ​လေးမစား ဆက်ဆံခံလိုက်ရ၍ ​ဒေါသပုန်ထကာ နောက်မှ လိုက်လာသော ဝုန်းဒိုင်းကြဲနေသည့် ​ခြေသံများ​ကြောင့် ​ဆောင်းဟန်ဘင်းမှာ ​​ခေါင်းကို အ​နောက်သို့ အနည်းငယ် ငဲ့​စောင်းကြည့်လိုက်ပြီး မဲ့ပြုံး တစ်ချက်သာ ပြုံးလိုက်သည်။

-UNTOLD-Where stories live. Discover now