12

646 101 2
                                    

"မှန်မှန်ပြော၊ မင်းက Omega မလား"

ဆောင်းဟန်ဘင်း၏ ခက်ထန်နေသော မျက်ဝန်းအစုံ၊ တွန့်ချိုးနေသော မျက်ခုံးများနှင့် ကျန်းဟာအို၏ လည်ပင်းပေါ် သက်ဆင်းနေသော လက်ချောင်းတို့၏ နစ်ဝင်နေမှုအားကြောင့် ထိုမေးခွန်းမှာ သာမန် မှန်ခြင်း၊ မှားခြင်းထက် သူသိရှိထားသည့်အရာမှာ လုံးဝ မှန်ကန်ကြောင်း အတည်ပြုရုံသက်သက် မေးမြန်းနေမှန်း သိသာစေ၏။

ရာနှုန်းပြည့် ကူးပြောင်းပြီးခြင်း မဟုတ်နေ၍ မှန်ကြောင်းပြောဖို့ရန်လည်း ဝန်လေးရသလို၊ မှားလည်း မနေသောကြောင့် ကျန်းဟာအိုမှာ မည်သို့ပြန်လည် ဖြေကြားရမည်ကို အတွေးကြပ်လျက်ရှိနေစဥ် လည်ပင်းကို ဆုပ်ကိုင်ထားသည့် လက်တို့မှာ ပိုမိုအားပြင်းလာပြီး နောက်ထပ် လက်တစ်ဖက်ကပါ ထပ်ပိုး ရောက်လာလေရာ အသက်ရှူဖို့ရာပင် အနိုင်နိုင် ဖြစ်လာရသည်။

"မ မလုပ်နဲ့ ...."

ကံ​ကောင်းသည်က ​ဆောင်းဟန်ဘင်းမှာ သူ့လည်ပင်းကို ညှစ်​နေခြင်း ဖြစ်​သော်လည်း Pheromones ထုတ်လွှတ်မှုကို​​တော့ တိုးမလာ​စေရဘဲ နဂိုရှိရင်းစွဲထက် လျှော့ချလိုက်​သည်မို့ အနည်းငယ် အသက်ရှူ​ချောင်လာသလို ခံစားလာရ၍ ကျန်းဟာအိုမှာ အစွမ်းကုန် အားအင်သုံးပြီး ရုန်းထွက်ရန် အကြံ​ပေါ်လာ​တော့သည်။

"ငါ့မျက်လုံးကို ကြည့်..."

ကျန်းဟာအိုမှာ ထွက်​ပြေးရန် လမ်း​ကြောင်းကို စူးစမ်း​နေခြင်း​ကြောင့် မျက်လုံးတို့ ဂနာမငြိမ် ဖြစ်​နေသည်ကို သတိထားမိပုံရသွားပြီး ​ဆောင်းဟန်ဘင်းက လည်ပင်းကို ပိုအားပြင်းစွာ ညှစ်ရင်း သတိ​ပေးလာ​သည်။

"အာ့...."

"​ပြော​လေ မင်းက Omega ဆိုပြီး.... မင်း ဝန်မခံမချင်း သက်သာမယ် မထင်နဲ့"

ဝန်ခံလိုက်လျှင် သို့မဟုတ် ငြင်းဆန်လိုက်လျှင် ဖြစ်လာမည့် အကျိုးဆက်မှာ လွတ်​မြောက်ခြင်း ဖြစ်နိုင်သည်လား၊ သို့တည်းမဟုတ် နစ်မွန်းခြင်းများလား မတွေးတတ်​တော့၍ လောလောဆယ် ကျန်းဟာအိုမှာ သူ့လည်ပင်းနားရှိ ဆောင်းဟန်ဘင်း၏ လက်ကို လှမ်းကိုက်လိုက်တော့သည်။

-UNTOLD-Where stories live. Discover now