2

971 132 19
                                    

​ဆောင်းဟန်ဘင်း မျက်နှာကို မမြင်ချင်၍ ထယ်ရယ်တို့ အိမ်တွင် တစ်​နေကုန် ​သောင်တင်​နေသည့် ကျန်းဟာအိုကို ​ဆောင်းဟန်ဘင်း အ​ကြောင်း တစ်​နေကုန် ထိုင်နား​ထောင်​နေရ​သည့် ထယ်ရယ်က မကြည်ကြည့် ကြည့်ရင်း ညည်းညူပြလာသည်။

"မမြင်ချင်​ပေမယ့် တစ်​နေကုန် ​ဆောင်းဟန်ဘင်း အ​​ကြောင်းပဲ​ပြော​နေတာ​နော်"

ထယ်ရယ်​ပြောလည်း ​ပြောချင်စရာပင်။ ထယ်ရယ့်ခမျာ မနက်အ​စောကြီး အိမ်တံခါး လာ​ခေါက်၍ အိပ်​ရေးပျက်​​ရသည့်အပြင် ကျန်း​ဟာအိုညတစ်​ယောက်ကို ထမင်းဟင်းပါချက်​​ကျွေးရပြီး ​ပြောသမျှ ​ဆောင်းဟန်ဘင်း အ​ကြောင်းများလည်း နား​ထောင်ရ​သေးသည်။

"ငါကြည့်မရလို့​လေ"

"ငါ​ပြောချင်တာက​လေ မင်းမကြိုက်ဘူးမလား သူ့ကို"

"အင်း မုန်းပါမုန်းတယ်"

မုန်း​နေ၍သာ ​ဆောင်းဟန်ဘင်းနှင့် ပတ်သတ်လာလျှင် ငယ်ငယ်တုန်းက သစ်ပင်​ပေါ်မှ ပြုတ်ကျစဥ်က ဝတ်ထားသည့် အင်္ကျီအ​​ရောင်ကိုပါ တစ်​ရေးနိုးထ​မေးလျှင် တန်း​ဖြေနိုင်​လေသည်။

"အဲတာ​ကြောင့်​ပြောတာ​လေ၊ မင်း မကြိုက်တဲ့လူအ​ကြောင်းကို ဂရုလည်း မစိုက်နဲ့၊ အတင်းလည်း မ​ပြောနဲ့၊ သူ့ဘာသာ ဘာပဲဖြစ်​နေ​နေကွာ၊ မရှိသလို သ​ဘောထားလိုက်"

"မထားနိုင်ပါဘူး။ သူ့အ​ကြောင်း မ​ကျေနပ်တာ​တွေ​တော့ ​ပြောရမှာ အများကြီး"

"မ​ကျေနပ်လည်း ထားလိုက်ကွာ၊ သူမ​ကောင်းတာ လုပ်ရင် သူပဲ ခံရလိမ့်မယ်၊ မင်းက အဖက်လုပ်မ​နေနဲ့"

နှစ်​ယောက်ကြား ပြဿနာလည်း ကြီးကြီးမားမား မရှိရပါဘဲ အသားလွတ် မုန်း​နေ​သော သူငယ်ချင်း ဖြစ်သူ​ကြောင့် ထယ်ရယ်မှာ အမြဲ​ခေါင်း​ခြောက်ရသည်။ ကျန်းဟာအို ​ပြောသ​လောက်လည်း ​ဆောင်းဟန်ဘင်းမှာ ဆိုးရွား​နေသည့်လူမဟုတ်။ လူချစ်လူခင်​ပေါသည့် လူရည်မွန်​လေး တစ်​ယောက်သာဖြစ်သည်။

"အဖက်ကလုပ်ရမှာ​ပေါ့၊ အဲ​ကောင်က ငါ့ဆီက attention သိပ်လိုချင်တာ​၊ ​နေဦး အိမ်ပြန်​ရောက်မှ ရန်ရှာပြီး လက်သီးနဲ့ထိုးပစ်ဦးမယ်"

-UNTOLD-Where stories live. Discover now