4

971 143 18
                                    

ချိုချိုအီအီ အုန်းသီးရနံ့​မှာ ​ချမ်း​အေး​နေ​သော မနက်ခင်းကို ​နွေး​ထွေးလာ​စေသည်။ ရင်ခွင်ထဲရှိ ​အုန်းသီးရနံ့​လေးက သူ၏ pheromones များကို ထုတ်လွှတ်လာ​အောင် မသိမသာ လှုံ့​ဆော်​ပေးသည်။

ထို့​ကြောင့် သူမသိလိုက်ပါဘဲ pheromones များကို ၂ဆ မက ထုတ်လွှတ်မိ​တော့ ​မွှေးအီလှသည့် အုန်းသီးရနံ့မှာလည်း ​လေထုထဲတွင် ပိုမိုများပြားလာပြီး သူ့ရင်ခွင်တွင်းရှိ တစ်စုံတစ်ရာမှာလည်း သူ့ရင်ခွင်တွင်းသို့ ပိုမိုတိုးဝင်ကာ တင်းတင်းကျပ်ကျပ် ဖက်လာ​လေသည်။

"တီတီ...တီတီ... တီတီ..."

ကုတင်​ဘေးရှိ စားပွဲ​ပေါ်မှ နှိုးစက်က သာယာလှ​သော အိပ်ချိန်ကို စတင် ဖျက်ဆီးလာ၍ အကျင့်ဖြစ်​နေ​သော မျက်လုံးတို့က ပွင့်လာပြီး နှိုးစက်ကို ပိတ်ဖို့ပြင်​တော့ လက်​မောင်းတစ်ဖက်က ဖိခံထားရ၍ ​အောင့်သလိုခံစားလာရ​သော​ကြောင့် ကြည့်မိ​လိုက်လေရာ သူ့လက်ကို​ခေါင်းအုံးရင်း သူ့ရင်ခွင်တွင်းတွင် သူ့ကိုဖက်ကာ ​ခွေ​ခွေ​လေး အိပ်​နေသည့် ကျန်းဟာအိုကို မြင်လိုက်ရသည်မို့ တစ်ဖန်ပြန်အိပ်ချင်​နေသည့် စိတ်​လေးများပါ ​ပျောက်သွားရသည်။

နှိုးစက်ကို လှမ်းပိတ်လိုက်ပြီး ထဖို့ပြင်​တော့ ကျန်းဟာအိုက သူ့ခါးကို ပိုမိုတင်းကျပ်စွာ ဖက်လာသည်မို့ အိပ်ရာ​ပေါ် ပြန်လှဲချလိုက်ရင်း အလိုက်သင့်​နေ​ပေးလိုက်ကာ ဖြစ်ပျက်ခဲ့သည့် အ​​ကြောင်းအရာတို့အား တစ်ဖန် ပြန် စဥ်းစားခန်း ဖွင့်ရသည်။

သူမှတ်မိသည်က မ​နေ့ညက ၂​ယောက်သား ညစာအတူစားခဲ့ကြပြီး ၂​ယောက်စာဆိုရာ၌ ပဲ​ခေါက်​ဆွဲ​ရော ပင်လယ်စာ​ခေါက်ဆွဲပါ မကျန် ကျန်းဟာအို၏ ဗိုက်တွင်းသို့ အကုန်​ရောက်သွားပြီး​နောက် သူမစားလိုက်ရ​သည့်အတွက် ပန်းကန်ကို​​တော့ သူ​ဆေးသင့် ငါ​ဆေးသင့် ငြင်းခုံကြရင်း ပန်းကန် ၁ချပ်ကွဲသွားခဲ့ရသည်မို့ ကျန်းဟာအိုကို တစ်ချက်​ငေါက်လိုက်မိသည့်အ​ကြောင်းသာ။

ကံ​ကောင်းသွား၍ ပန်းကန်မှာ အစိတ်စိတ် အမွှာမွှာ ကွဲမသွားဘဲ သုံးပိုင်းသာ ကွဲသွားသည်မို့ သူကပဲ လှည်းကျင်းကာ သန့်ရှင်း​ရေး လုပ်ခဲ့ရ​သေးသည်။ အပြစ်လုပ်ထားသူက​တော့ ​လေအဟုန်လို အခန်းတွင်းဝင်ဖို့ ပြင်​နေသည်မို့ မနက်​စော​စောထရန် တစ်ချက် လှမ်း​အော် သတိ​ပေးခဲ့ရ​သေးသည်။

-UNTOLD-Where stories live. Discover now