Chapter 3

49K 847 11
                                    

ရှန်ကောကောနှင့် ရှန်းပိုင်ရဲ့စစတွေ့ချင်းကအချိန်တွေပါ။

ရှန်ယွမ် သူအိမ်ကိုစစရောက်လာတဲ့
အချိန်ကိုမှတ်မိသေးသည်။
ထိုအချိန်တွင် ဆိုဖာပေါ်မှာမှောက်ယားထိုးလျှက်
ဖုန်းကြည့်နေသော ထိုကောင်လေးကိုတွေ့လိုက်ရသည်။
သူ့မျက်စိက သူ့ရှေ့ကလွှဲရမ်းနေတဲ့ခြေထောက်ဖြူဖြူလေးတွေကိုအကြည့်ရောက်သွားတော့ရင်ထဲတစ်မျိသူ့ရှေ့ကလွှဲရမ်းနေတဲ့ခြေထောက်ဖြူဖြူလေးတွေကိုအကြည့်ရောက်သွ

အဖိုးတန်ကျောက်စိမ်းတုံးလေးလိုပင်
တကယ့်ကိုလှသည်။

ကြည့်ရတာထိုကောင်လေးက
သူနဲ့လက်ထက်လာသည့်မိန်းမရဲ့
မောင်ငယ်လေးဆိုသူဖြစ်မည်။

ဘေးမှာရပ်နေသည့်သူ့ကိုသိတာတောင်ခေါင်းထောင်ကြည့်မလာပဲ
သူ့ဖုန်းကိုသာဆက်ကြည့်နေတော့
သူထိုကောင်လေးရဲ့တင်ပါးလုံးလုံးလေးကိုရိုက်ချင်မိသွားသည်။

တကယ့်ကိုလေးစားမှုမရှိတဲ့ကောင်လေးပဲ။

ကြည့်ရတာသူ့ကိုကြိုဆိုပုံမရ။

"ပိုင်အာ ...ပိုင်အာ "

သူ့အစ်မက သူ့နံမည်အားဆက်တိုက်ခေါ်နေကာမှ
စိတ်မရှည်သည့်ပုံဖြင့် ခေါင်းထောင်လာတော့သည်။

သူ့အားမြင်လိုက်တော့အတော်လေးအံ့သြသွားဟန်။ သူ့အားမျက်တောင်မခတ်စိုက်ကြည့်နေကာပါးစပ်လေးကလဲပွင့်ဟနေသည်။

ထိုဟနေသည့်ပါးစပ်လေးထဲမှလျှာနီနီလေးအားတွေ့နိုင်သည်။

သူချက်ချင်းမျက်နှာလွှဲလိုက်ကာ
သူ့မျက်မှန်အားပင့်တင်လိုက်ရင်း

"Hello ကိုယ့်နံမည်က ရှန်ယွမ်ပါ။
မင်းက ရှန်းအန်းရဲ့ မောင်လေးဟုတ်တယ်မလား?
ကိုယ်ကမင်းရဲ့ယောက်ဖပါ
ကိုယ့်ကိုရှန်ကောလို့ခေါ်နိုင်တယ်။"

သူ့လက်အားမိတ်ဆက်ရန်
ဆန့်တန်းပေးလိုက်တော့
ရှန်းပိုင်ဆိုသည့်ကလေးလေးက
သူ့လက်အားမမှိတ်မသုန်စိုက်ကြည့်နေကာအတော်ကြာမှ သူ့လက်သေးသေးလေးအားထုတ်လာလျှက် သူ့လက်အားလာကိုင်သည်။

သူ့လက်အားလာထိသည့်နူးနူးညံ့ညံ့လက်ကလေးအား မနေနိုင်သည်နှင့်
ငုံ့ကြည့်လိုက်တော့
လက်ချောင်းသွယ်သွယ်လေးတွေနှင့်
လက်ဖဝါးသေးသေးလေးအားတွေ့လိုက်ရသည်။

​ယောက်ဖအား မြှူဆွယ်ခြင်းWhere stories live. Discover now