Chapter 4

48.8K 514 11
                                    

နောက်ရက်တွေမှာ ရှန်ယွမ်နဲ့ ရှန်းယွီအနည်းငယ်ရင်းနှီးလာကြသည်။

အစပိုင်းရှန်းပိုင် သူ့ယောက်ဖဆိုသူအားမရှိသလိုဆက်ဆံကာအကြည့်ချင်းဆုံတိုင်း
ဟမ့်ခနဲလုပ်လေ့ရှိသည်။

အဲလိုအချိန်တွေဆို ရှန်ယွမ်ကသူ့အားရယ်ပြလေ့ရှိကာတော်တော်လေးအောင့်သက်သက်နိုင်လေသည်။

သူကတော့မကြိုက်ကြောင်းပြနေပေမယ့်သူ့ယောက်ဖကသူ့အားကောင်းကောင်းမွန်မွန်ဆက်ဆံနေတော့
သူကလူဆိုးကြီးလိုပဲလေ။

ဟွန်း ခွေးကောင်ကြီး

သူ့ယောက်ဖကသူ့အပေါ်အတော်လေးကောင်းတာကြောင့်သူလဲအခုဆိုအရင်ကလို
မဆက်ဆံတော့။

သူ့ယောက်ဖက အတော်ကျော်ကြားတဲ့စာရေးစရာတစ်ဦးဆိုပဲ။

အင်တာနက်မှာ ရှန်ယွမ်လို့ရိုက်ရှာလိုက်တာနဲ့
အကြောင်းအရာမျိုးစုံကျလာသည်။

နောက်ပြီး boyfriend asmr တွေလဲလုပ်သေးသည်တဲ့။

သူ Youtube မှာ channel တစ်ခုရှိသည်။
Video တွေအများကြီးပဲ
boyfriend asmr တွေကဘာလဲ??

သူသိချင်စိတ်နဲ့ video တစ်ခုကိုနှိပ်ကာကြည့်လိုက်သည်။

"ဟမ် အသံတွေပဲလား?"

သူနားမလည်စွာနားကြပ်တပ်ကာ
ဖွင့်နားထောင်လိုက်တော့
မျက်နှာတွေချက်ချင်းပူတက်လာသည်။

ပေါင်ပေ့လို့အသံရှည်ဆွဲခေါ်လာသည့်
အသံနောက်တွင် ရှန်ယွမ်ရဲ့သြရှရှယောကျ်ားဆန်ဆန်
ညည်းငြူနေသံက
နားကြပ်တပ်ထားတာကြောင့်
သူ့နားနားကပ်ပြီးခေါ်နေသလိုပင်။

ထိုအသံကြောင့်
သူ့​ခန္ဓာကိုယ်လေးက အားပျော့သွားကာနှုတ်ခမ်းကိုက်လိုက်မိသည်။ ခြေချောင်းလေးတွေကွေးကုပ်သွားလျှက် သူတွေးလိုက်မိတာကတော့
သူ့ယောက်ဖရဲ့အသံကအရမ်းနားထောင်လို့ကောင်းသည်ဆိုတာကိုဖြစ်သည်။

ရှန်ယွမ်ရဲ့ပြွတ်ခနဲနမ်းလိုက်သည့်
အသံကသူ့အားတုန်ယင်သွားစေသည်။သူလည်းဘာလို့မှန်းမသိ
ဆက်နားထောင်နေမိသည်။

ထို့နောက်videoထဲကသူ့ယောက်ဖက
ပေါင်ပေ့ အိပ်တော့ဟုဆိုကာ
အိပ်မက်လှလှလေးမက်ပါစေ
ပြောသည့်အသံအဆုံးတွင်သူလည်း
မျက်လုံးများပိတ်ကျသွားကာ
အိပ်ပျော်သွားတော့သည်။

​ယောက်ဖအား မြှူဆွယ်ခြင်းWhere stories live. Discover now