ရှန်းပိုင်နှင့် ဟန်ဖုန်းတို့
C club ထဲကိုဝင်လာတော့
ဖုန်းယွမ်ကပြုံးရင်းသူတို့ဆီလျှောက်လာသည်။မီးအလင်းရောင်တွေအပြင်
DJ သံတွေ လူတွေရဲ့ကခုန်နေတာတွေကြောင့်
ရှန်းပိုင်ခေါင်းတွေတောင်
ကိုက်လာသည်။ဘေးကဟန်ဖုန်းကတော့
သွားကဲဖို့ဟန်တစ်ပြင်ပြင်ဖြစ်နေပြီ။သူလာမိတာတောင်နောင်တရလို့နေပြီ။
ဟန်ဖုန်းကြောင့်သာသူနာရီဝက်လောက်နေပြီးသည်နှင့်
အမြန်ပြန်ရမယ်လို့တွေးထား
လိုက်တယ်။"မင်းတို့လာပြီပဲ"
ဟန်ဖုန်းက
"အေး ဒီညမင်းအကုန်ရှင်းမှာဟုတ်တယ်မလား ငါဒီညအပြတ်ကဲပစ်မယ်"
ဖုန်းယွမ်ကရှန်းပိုင်အား
သားကောင်လိုစူးစိုက်ကြည့်နေရာမှ
အကြည့်လွှဲလိုက်ပြီး"အင်း ငါအကုန်ရှင်းမှာမလို့
ကြိုက်သလောက်ကဲလို့ရတယ်""ဒါနဲ့ ဘာအထိန်းအမှတ်အနေနဲ့
ပါတီပွဲလုပ်တာလဲ"
ဟန်ဖုန်းက မေးတော့ဖုန်းယွမ်က
နှုတ်ခမ်းတွန့်လျှက်ရယ်လိုက်ကာ
ရှန်းပိုင်ရဲ့ခန္ဓာကိုယ်လေးအားကြည့်ကာလျှာသတ်လိုက်သည်။"ဒီနေ့ပျော်စရာလေးတွေဖန်တီးဖို့လေ
ကြံထားတာကြာပြီ ဒီနေ့မှ အကောင်အထည်ဖော်ဖြစ်တော့တယ်"ရှန်းပိုင်မျက်မှောင်ကြုတ်မိသည်။
ဖုန်းယွမ်ရဲ့အကြည့်တွေကပြင်းပြနေကာ သူ့အားကြည့်လိုက်တိုင်း
အမဲဖြတ်ချင်သလိုအကြည့်ဖြင့်
ကြည့်တတ်ပေမယ့်ဒီနေ့က
ပိုပြင်းပြနေသလို။ဖုန်းယွမ်ရဲ့ဒီလိုအကြည့်တွေက
သူ့အားမသက်မသာဖြစ်စေကာ
ကြောက်ရွံစေသည်။သူ့ကိုချက်ချင်းစားသုံးတော့မလိုပဲ။
ဟန်ဖုန်းကိုကြည့်လိုက်တော့
ဟန်ဖုန်းက
ကောင်မလေးတွေအားလိုက်
ငမ်းနေတာကိုတွေ့လိုက်ရသည်။ဖုန်းယွမ်က ဝိတ်တာကောင်လေးကိုခေါ်ကာ
သူတို့အတွက်သောက်စရာ
မှာလိုက်သည်။ရှန်းပိုင်ကမသောက်တတ်တာကြောင့်
သူ့အတွက်အချိုရည်မှာလိုက်သည်။
YOU ARE READING
ယောက်ဖအား မြှူဆွယ်ခြင်း
Randomယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။