မိတ်ဆက် + ရှင်းလင်းချက်

4.5K 158 6
                                    

မုရင်းစာစဉ် - Gourmet Of Another World
ဘာသာပြန်သူ - Autumn Wind
Type - Fantasy / Cultivation
Translation Team -  ATG ( Alpha Translation Team)

******

ဒီစာစဉ်လေးကို ကျွန်တော် Review ရေးပေးမှ ဖြစ်မှာမို့ပါ ။ ဘာလို့ ဆို လွန်ခဲ့တဲ့သုံးလလောက်က သေခြင်းရှင်ခြင်းမှာ ဒီစာစဉ်လေးကို ကျွန်တော်ရေးမယ်ဆိုပြီးတော့ အသိပေးခဲ့ပါတယ် ။ ဒါပေမဲ့လဲ ရီယွမ်နဲ့ရှုပ်နေတာမို့ မရေးဖြစ်ခဲ့ဘူးဗျ ။ အဲဒါနဲ့ ကျွန်တော်တို့ရဲ့ လက်သစ် Translator ဖြစ်တဲ့ Autumn Wind ကို ပေးရေးမယ်ဆိုပြီး ပေးခဲ့ပါတယ် ။ ဒါပေမဲ့ ကျွန်တေိာ တော်တော် လက်ဖျားခါရတယ်ဗျ။
ဘာလို့လဲဆို အရေးအသားပိုင်းက အတော်ချောမွေ့နေတဲ့အပြင် သူမရဲ စိတ်ကူးစိတ်သန်း ဟင်းပွဲနာမည်ပေးပုံ ။ ဖတ်နေသူကို မစားချင်စားချင်လာအောင် ဆွဲဆောင်ပုံ အစရှိတာတွေကြောင့်ပါ ။ ကျွန်တော်ဆို E လိုဖတ်ပြီးပြီ ဖြစ်ပေမဲ့ ပြန်ဖတ်တဲ့အခါတိုင်း တစ်ပိုင်းဖတ်ပြီးတိုင်း မီးဖိုချောင်ထဲဝင် ကိုယ်တိုင်ကြော်လှော် ချက်ပြုတ်ရတဲ့အထိ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကိုပါ လွှမ်းမိုးနိုင်စွမ်းရှိတဲ စာစဉ်ပဲလို့ ပြောချင်ပါတယ် ။
ဒါပေမဲ့ သူက ကျင့်ကြံခြင်း လမ်းစဉ်ကနေ မသွေဖယ်သွားဘူးဗျ။ မူရင်းစာစဉ်က အပိုင်း၁၈၀၀ကျော် မှာဆုံးပေမဲ ကျွန်တော်တို့ Team က တာဝန်ယူပြီး ပြန်ပေးတာဖြစ်တဲ့အတွက် အဆုံးထိ ဖတ်ရမှာပါလို့ ပြောကြားရင်း စာစဉ်အသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ။ တစ်ခုတော့ သတိပေးချင်တယ် ဟင်းပွဲနာမည်တွေက ရူးလောက်စရာမို့ ညဘက်တော့မဖတ်ပါနဲ့။ဗိုက်ဆာတတ်လို့ပါ )

အောက်ကတော့ စာရေးသူရဲ့ Review လေးပါ ။ အပန်းမကြီးဘူးဆိုရင် Sharing ဖြင့်ကူညီပေးကြပါ ချိဖတို့ ။ စာရေးသူ Acc သိချင်ရင် ကျွန်တော့်မှာ လာတောင်းပါနော် ။ငိငိ

" အချက်ပြုတ်နတ်ဘုရား ပုဖန် ၏ စားကြမယ်ဟေ့ ကောင်းကောင်း "

ခြေကန်ချက်တစ်ချက်ဖြင့် မြစ်များကို ဖျက်ဆီးပစ်နိုင်ပြီး လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့ တောင်များကိုပင် ထက်ခွဲခြမ်းနိုင်သော သိုင်းသမားတို့ နေထိုင်ရာ ဆန်းကြယ်သော ကမ္ဘာထဲတွင် အံသြဖွယ်ကောင်းသောစားသောက်ဆိုင်ငယ်လေးတစ်ခု တည်ရှိလေ၏

ထိုစားသောက်ဆိုင်က မကြီးမားသော်လည်း လူအများက အလုအယက် သွားရောက်စားသောက်လေ့ရှိကြသည်။

ထိုဆိုင်ငယ်လေးတွင်...

နဂါးသွေးဆန်နှင့်ဖီးနစ်ငှက်ဥတို့ဖြင့်ချက်ထားသော ဥထမင်းကြော်ကို သင်တို့ မြည်းစမ်းကြည့်နိုင်သည်။

ရှင်သန်ခြင်းရေပန်းမှရေနှင့်အနီရောင်အသီးမှ ချက်လုပ်ထားသော ပြင်းရှသော ဝိုင်အရက်ကိုလည်း သင်သောက်သုံးနိုင်သည်။

အဆင့်ကိုးအဆင်မြင့်သားရဲကောင်အသားကို ငရုတ်ကောင်းဖြူးကင်ထားသော အသားကင်ကိုလည်းပဲ မြည်းစမ်းနိုင်သေးသည်။

ဘာ...?
စားဖိုမှူးကိုပြန်ပေးဆွဲချင်တာလား... ? အဲဒီလိုမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး ။

ဘာဖြစ်လို့လဲဆိုတေ့ာ...

ဖျက်စီးတတ်တဲ့မကောင်းဆိုးဝါးလိုမျိုး၊ အဆင့်ဘယ်လောက်ရှိမလဲတောင်တွေးမရတဲ့ အံဖွယ်သားရဲတစ်ကောင်က ဆိုင်ပေါက်ဝမှာ အမြဲရှိနေမှတော့ ပြန်ပေးဆွဲဖို့ဆိုတာ ဘယ်လိုမှဖြစ်နိုင်မှာ မဟုတ်ဘူး။

အိုး...

သူ့မှာ အဆင့်ကိုးအဆင်မြင့်တွေကိုတောင် လက်တစ်ဖက်ထဲနဲ့သတ်နိုင်တဲ့ အကူစက်ရုပ်တစ်ရုပ်လဲရှိပြီးတော့ အစားကောင်းကြိုက်တဲ့အမျိုးသမီးတွေရဲ့ နုလုံးသားကိုလည်း ကောင်းကောင်းကြီး သိမ်းပိုက်ထားနိုင်သေးတယ်လေ။

ကဲပြောဗျာ ။ဘာလိုသေးလဲ။

အဲဒီတော့ ကျွန်တော်တို့ အဲဒီဆိုင်လေးမှာ တစ်နပ်လောက် သွားစားကြည့်ရအောင်လားဗျာ ။

💐💐💐💐💐
အဇူး လေးမှာပြောစရာရှိပါတယ်။

ဒါလေးကတော့ လူတိုင်းသိကြမဲ့ IQ team လေးက ဘာသာပြန်ခဲ့တဲ့ အပုဒ်တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။Completed ဖြစ်ပြီးသားပါ။

ဒါလေးကိုကြိုက်လို့ IQ Team က အရှင်းလေးဆီကနေ တင်ပြဖို့ခွင့်သွားတောင်းလာပြီး ဒီမှာပြန်လာတင်ပေးခြင်းဖြစ်ပါတယ်။

ဒီ၀တ္ထုရဲ့ မြန်မာဘာသာပြန် မူရင်းအပိုင်က IQ Team လေးဖြစ်ပါကြောင်း နဲ့ ပြန်လည်တင်ပြခွင့်ပေးတဲ့အတွက် အဇူးလေးကနေ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားရင်း ....

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now