941 - 945

375 26 0
                                    

အခန်း ၉၄၁
ခွေးဘုရင်ဟု အသိအမှတ်ပြုခံထားရသောသူ...

ခွေးဝကြီးတစ်ကောင်ပါလား...

အလင်းရိပ်၏ မျက်လုံးများ ချက်ချင်း မှေးမှိန်သွားသည်။  ဒီမှာ ခွေးတစ်ကောင် ဘယ်လိုပေါ်လာတာလဲ... သူနှင့် ထိုသေမျိုးကြားတွင် လွင့်မျောနေသည့် ဤကြောက်မက်ဖွယ်ရာ စိတ်စွမ်းအင်ဖိအားကိုပင် ခံနိုင်ရည်ရှိနိုင်သည်လား...

ခွေးဘုရင်  သူ၏အမြှီးကို လှုပ်ရမ်းနေပြီး  ပါးစပ်တစ်ဝိုက်တွင် မသန့်ရှင်းရသေးသည့် အဆီများ ရှိနေသေးသည်။

သူ ကြောင်ကဲ့သို့ ခြေလှမ်းများကို ဆန့်တန်းလိုက်သောအခါ သူ၏တင်ပါးသည် အမြှီးနှင့် တွဲလျက် တုန်ခါနေသည်။

ပုဖန်၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည်။  ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားနှင့် မဟူရာလိပ်ခုံးဒယ်အိုးတို့၏ ဝိညာဉ်လက်နက်ကို အတင်းအကြပ် ထိန်းချုပ်ထားခြင်းတို့ကြောင့် မထိန်းသိမ်းနိုင်တော့သည့် ခန္ဓာကိုယ်ကို အနည်းငယ် ထိခိုက်သွားစေသည်။

အောက်တွင် သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူများသည် ပုဖန်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေကြသည်။

ပုဖန်၏ စွမ်းအားက လူတိုင်း၏မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။  မဟူရာနဂါးဘုရင်သည်ပင် သူ့အား အံ့သြတကြီး မျက်နှာထားနှင့် ငေးစိုက်ကြည့်နေသည်။

စားဖိုမှူးတစ်ဦးဖြစ်သော ပိန်ပိန်ပါးပါး ပုဖန်သည် ထိုသို့သော ကျင့်ကြံမှု့ဖြင့် အမှန်တကယ် တိုးတက်လာနိုင်မည်ဟု မည်သူမျှ မထင်ခဲ့ပေ။

ပုဖန်၏ စစ်မှန်သော စွမ်းအင် ကျင့်ကြံမှုကို ကြည့်ကာ သူသည် နတ်ဘုရားမီးတောက်တစ်ခု ထွန်းညှိထားသည့် စိတ်ဝိညာဉ်သခင်သာ ဖြစ်သည်။

အလင်းရိပ်ဆီမှ တစ်ချက်ခန့် တိုက်ခိုက်ခံရသည်နှင့် သေဆုံးရန် လုံလောက်သည်။

သို့သော် ပုဖန်၏ စိတ်စွမ်းအင်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။

စတင်ပေါက်ကွဲလာသောအခါ ၎င်းသည် သူတော်စင်ဂိုဏ်းချုပ် အဆင့်ဖြစ်သည်။  ထို့နောက်တွင်မူ ယခင်ကထက် ပိုမိုပြင်းထန်လာပြန်သည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now