အခန်း.၄၈၁
ထွက်သွားမလား... သေမလား...ခဏသာနေပြီးနောက် နန်ကုန်းဝူချယ် ပြန်လည်ထွက်ခွာသွားသည်။ယခု သူက နန်ကုန်းမိသားစု၏ ဆက်ခံသူ ဖြစ်နေပြီး ဖြစ်သောကြောင့် လုပ်စရာကိစ္စများစွာရှ်ိနေပေသည်။သူ တိမ်ခိုးစားသောက်ဆ်ိုင်ဆီသို့ အပြေးလာရခြင်းမှာလည်း နန်ကုန်းဝမ်တစ်ယောက် ငရဲ ကမ္ဘာအမျိုးသမီးကို သွားရောက်နှောင့်ယှက်မိမှာစိုးသောကြောင့် ဖြစ်သည်။
ယခု အားလုံး အဆင်ပြေသွားပြီဖြစ်လေရာ ခပ်မြန်မြန်သာ ပြန်လည် ထွက်ခွာသွားလိုက်သည်။
ပုဖန် အတွေးထဲ နစ်မြှုပ်နေသောကြောင့် နန်ကုန်းဝူချယ် ပြန်လည်ထွက်သွားသည်ကိုပင် မတွေ့လိုက်ပေ။
နန်ကုန်းဝူချယ်၏ ပြောစကားအရ နန်ကုန်းမိသားစုအပေါ်မှီခို၍ သူဆိုင်နာမည်ကို ပြန့်နှံ့အောင် ပြုလုပ်စေခြင်းမှာလည်း မဖြစ်နိုင်ပေ။ထ်ို့ကြောင့် သူ ပဉ္ဇလက်စုဝေးပွဲ၌ ပါဝင်ရပေလိမ့်မည်။
သို့သော်လည်း သူပါဝင်ဖို့ မည်သည့်နေရာ၌ စာရင်းသွင်းရမည်နည်း။ပုဖန်က အတွေးထဲမှပြန်လည်သတိဝင်လာပြီး သူနံဘေး၌ ပျော်ရွှင်စွာ စားသောက်နေဆဲဖြစ်သည့် နန်ကုန်းဝမ်ကို ကြည့်၍ မေးလိုက်သည်။
"ငါ တကယ်လို့ အဲ့ဒီ ပဉ္ဇလက်စုဝေးပွဲမှာ ပါဝင်ချင်တယ်ဆိုရင် ဘယ်နေရာမှာ စာရင်းသွင်းရမလဲ..."
စွပ်ပြုတ်၏ အပူငွေ့များကြောင့် နန်ကုန်းဝမ်၏ မျက်နာက နီရဲနေကာ ပို၍ပင် နစ်လိုဖွယ်ကောင်းနေလေသည်။
"ပိုင်ရှင်ပု ...နင် အဲ့ဒီ ပဉ္ဇလက်စုဝေးပွဲမှာတကယ်ပဲ ပါချင်တာလား..."
နန်ကုန်းဝမ်က ပုဖန်တွင် အောင်မြင်နိုင်မည့် အခွင့်အရေးနည်းပါးသည်ဟု ယုံကြည်ထားလေသည်။အဘယ့်ကြောင့်ဆိုသော် သူက စားဖိုမှူးတစ်ယောက်သာဖြစ်ပြီးအဂ္ဂိရတ်ပညာရှင် တစ်ယောက်မဟုတ်ပေ။
ထို့ကြောင့် သူ အဆင့်မြင့် စိတ်ဝိညာဉ်ဆေးလုံးများကို သန့်စင်နိုင်သော အဆင့်မြင့် အဂ္ဂိရတ်ပညာရှင်များနှင့် မည်ကဲ့သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။
YOU ARE READING
အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)
Adventureလူတိုင်းသိကြလောက်မဲ့ စာစဥ်လေးဆိုတော့ review မရေးတော့ဘူးနော်။ ဘာသာပြန်သူ - ဆူးရှင်းနွေး