11 - 15

1.3K 115 5
                                    

အခန်း ၁၁
အရမ်းခန့်ငြားတဲ့ငါ့ကို မင်းက ဘာလို့မကြောက်တာလဲ?

နဂါးမြို့ဟောင်းနယ်မြေရဲ့ အဆင့်သတ်မှတ်ချက်အရ၊ပထဆုံးအဆင့်(စစ်သည်တော်အဆင့်)က ကျင့်ကြံခြင်းအဆင့်တွေဆီသို့ စတင်ရာ ဖြစ်သော်လည်း အင်ပါယာ မြို့တော်အတွင်းမှာတော့  ဘာအရှိန်အဝါမှ မရှိတဲ့ အဆင့်ဖြစ်၏။

ရုတ်တရက်ကြီး အစစ်အမှန်စွမ်းအင် တွေ ဘယ်လိုရရှိခဲ့သလဲ ပုဖန် မတွေးတောတတ်အောင်ပင်။

သူက System ရဲ့ မစ်ရှင်ကို ပြီးဆုံးသွားခဲ့တာကြောင့်ဖြစ်မလား...?

သို့သော်လည်း... သူ့ရဲ့ ပထမဆုံး မစ်ရှင်က ပထမဆုံး စားသုံးသူ ရလာဖို့ ဖြစ်ပြီး... အဆင့်မြင့်ဥထမင်းကြော်နဲ့ နတ်ဘုရားအဆင့်ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစ တစ်ခုကို ဆုအဖြစ် ရရှိခဲ့ပြီးပေပြီ။ထိုအချိန်တုန်းက အစစ်အမှန်စွမ်းအင် ရရှိကြောင်းကို ဖော်ပြမထားခဲ့ပေ။

"System...မစ်ရှင်တွေ ပြီးမြောက်တိုင်း အစစ်အမှန်စွမ်းအင်တွေရရှိပြီး ငါ ပိုသန်မာလာမှာလား..?"

တွေးမရတဲ့အဆုံး ပုဖန်က ထုတ်မေးလိုက်သည်။

System က တည်ငြိမ်စွာပြန်ပြောလေသည်။

"Host ရဲ့ အစစ်အမှန်စွမ်းအင်တွေနဲ့  ကျင့်ကြံခြင်းအဆင့်တွေက အမြတ်ရရှိတဲ့ သလင်းကျောက်ပမာဏနဲ့ ဆက်နွယ်နေတယ်...ရရှိလာတဲ့သလင်းကျောက်တွေရဲ့ အချိုးပေါ်မူတည်ပြီး ကျင့်ကြံခြင်းအဆင့်ကို ပြောင်းလဲပေးသွားလိမ့်ပာမယ်...Host က ပြောင်းလဲမှုတွေရဲ့ အချိုးကို စောင့်ကြည့်စစ်ဆေးနိုင်တယ်"

" လက်ရှိ System ရဲ့ အဆင့်က ကြယ်တစ်ပွင့် ဖြစ်ပြီး ပြောင်းလဲခြင်း အချိုးကတော့ ၁၀ရာခိုင်နှုန်းပါ... System ရဲ့အဆင့် ကြယ်နှစ်ပွင့်ကိုရောက်တဲ့ အခါကျရင်တော့   လုပ်ဆောင်ချက်တွေ ပိုမိုများပြားလာပါလိမ့်မယ်"

" Host  ဒီနေ့ သလင်းကျောက်နှစ်ဆယ့် နှစ်တုံး ရရှိခဲ့ပြီး... ပြောင်းလဲခြင်းအချိုး အရ ပထမအဆင့်(စစ်သည်တော်အဆင့်)နဲ့ညီမျှတဲ့ သလင်းကျောက်နှစ်တုံးစာ အစစ်အမှန်စွမ်းအင်တွေရရှိခဲ့ပြီးဖြစ်တယ်"

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now