521 - 525

466 40 1
                                    

အခန်း ၅၂၁
စိတ်မနှံသူတစ်ယောက် ဆိုင်ထဲဝင်လာတယ် ...

ပုဖန်ဆိုင်သို့ ပြန်ရောက်သည့်အချိန်၌ မိုးစုန်းစုန်းချုပ်နေပြီဖြစ်သည်။သူတို့အားလုံး တစ်နေ့တာအတွက် ပြန်လည် အနားယူကြပြီ ဖြစ်သောကြောင့် ဆိုင်ပတ်ဝန်းကျင်တွင်  လူရိပ်လူယောင်ပင်မတွေ့ရတော့ပေ။

ဆိုင်တံခါးဝဆီသို့ အေးဆေးစွာပင်လျှောက်သွားလိုက်သည်။ထို့နောက် ကြီးမားလေးလံသည့် တံခါးကို ဖွင့်လိုက်ပြီး ဆိုင်ထဲသို့ ဝင်ရောက်လိုက်သည်။သူ့၏ ဆိုင်းဘုတ်ကို အသာအယာချလိုက်၏။

ဆိုင်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် အကြည့်စူးစူးနှစ်စုံကို ခံစားလိုက်ရသည်။နယ်သာရီနှင့် ဘလက်ကီတို့က တံခါးနှင့် ခပ်လှမ်းလှမ်းရှိစားပွဲတွင်ထိုင်၍ မျက်လုံးဝိုင်းဝိုင်းနှစ်စုံဖြင့် သူ့ကိုကြည့်နေကြလေသည်။ထိုအကြည့်များကြောင့် ပုဖန်ပင် ခြေလှမ်းရပ်သွားမိသည်။

"ဘာတွေ ဖြစ်နေကြတာလဲ..."

ထိုင်ခုံတစ်ခုံကို ဆွဲထုတ်လိုက်ပြီး မေးလိုက်သည်။ထို့နောက် ထိုင်ခုံပေါ် သက်တောင့်သက်သာထိုင်ချလိုက်ပြီး သက်ပြင်းတစ်ချက်ရှိုက်ထုတ်လိုက်သည်။

သူခဏမျှ အနားယူရန် ဆုံးဖြတ်လိုက်သည်။ဒီနေ့ သူ အသားကင်သီတံများကို ပြင်ဆင်ခဲ့သည်။ထိုဟင်းပွဲက အလွန်အမင်း အာရုံစူးစိုက်ထားဖို့ လိုအပ်သည်။

ထို့အပြင်သူက လျာကဝေအခင်းအကျင်းကိုလည်း အသုံးပြုခဲ့သောကြောင့် သူ့၏ စိတ်အာရုံက အလွန်ပင်ပန်းနွမ်းနယ်နေပေပြီ။လူအားလုံးက ပုဖန်၏ ချက်ပြုတ်နေသည်ကိုကြည့်လျှင် လွယ်ကူသည်ဟု ထင်ရသော်လည်း နောက်ကွယ်၌ မည်မျှပင် ခက်ခဲသည်ကို မည်သူမှသိလိုက်မည်မဟုတ်ပေ။

"ငါတို့ ဗိုက်ဆာနေကြပြီ..."

နယ်သာရီက နှုတ်ခမ်းများ တစ်ချက်သပ်လိုက်ရင်း ပုဖန်ကို မျက်နာငယ်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။ခွေးဘုရင်ကလည်း မျက်တောင်ပုတ်ခပ်ပုတ်ခပ်လုပ်လိုက်သည်။ထို့နောက် လျှာတန်းလန်းထုတ်၍ နယ်သာရီ၏ စကားကို ထောက်ခံအားပေးလိုက်သည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now