936 - 940

300 25 2
                                    

အခန်း ၉၃၆
လူအိုကြီးမဟူရာရေ.... ကောင်းကင်ပေါ်မှာ အတောင်ပံကင်နှစ်ခုကိုမြင်လား

အဆုံးမဲ့ပင်လယ်တွင် အနက်ရောင်စစ်သင်္ဘောတစ်စင်း ဖြေးဖြေးချင်း ရွက်လွှင့်နေသည်။ ပတ်ပတ်လည်ရှိ ပင်လယ်ရေများကိုလွင့်စင်သွားစေကာ ရှေ့သို့ဆက်သွားနေသည်။

စစ်သင်္ဘော၏ရှေ့တွင် နတ်ဆိုးဘုရင်ခြောက်ပါးက စက်ဝိုင်းသဏ္ဍာန်ဝိုင်းပတ်၍  ရပ်နေကြသည်။ သူတို့၏လက်များကို နောက်သို့ပစ်၍ တိမ်မဲများဖြင့်ပြည့်နေသော ကောင်းကင်ကိုကြည့်ပြီး သူတို့၏မျက်နှာများက လေးနက်နေကြသည်။

"ဒါက အဆုံးမဲ့ပင်လယ်ထဲက မုန်တိုင်းပေါ့လေ... တကယ်ကြောက်ဖို့ကောင်းတာပဲ... ဒီလိုစိတ်ဓာတ်ကျဖို့ကောင်းတဲ့ လေထုက လူတိုင်းကိုအသက်မရှူနိုင်အောင်ကို ဖိနှိပ်နေတာပဲ..."

နတ်ဆိုးဘုရင်တစ်ပါး ပြောလိုက်သည်။

နတ်ဆိုးဘုရင်တစ်ပါးအနေဖြင့် ၎င်းတို့၏သန်မာမှုသည် အမှတ်ရှစ်ခုရှိသည့် နတ်ဘုရားအာကာသအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။ ၎င်းတို့က ကောင်းကင်နှင့်မြေပြင်ရှိအရာအားလုံးကို သုတ်သင်နိုင်သည်ဖြစ်ရာ သာမန်မုန်တိုင်းတစ်ခုက ၎င်းတို့အတွက်ဘာမှမဟုတ်ပေ။

သို့သော် ဤမုန်တိုင်းက ၎င်းတို့ကို စိုးရိမ်ပူပန်စေသည်။

"ဟိုကိုကြည့်လိုက်ဦး... အဲ့နားလေးမှာ သက်ရှိတစ်ကောင်ကောင်ရှိနေတယ်ထင်တယ်..."

သိန်းငှက်နတ်ဆိုးဘုရင်က ၎င်း၏အတောင်ပံကိုဖြန့်၍ ကောင်းကင်သို့ပျံတက်သွားသည်။ သူအဝေးကိုလှမ်းကြည့်လိုက်သောအခါ လှိုင်းလုံးကြီးများအပြင် ပင်လယ်သတ္တဝါများစွာကာ ပင်လယ်ထဲမှထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။

ဘာဖြစ်နေတာလဲ...

ပင်လယ်ထဲကနေ ပင်လယ်သတ္တဝါတွေအများကြီးဘာလို့ထွက်လာနေရတာလဲ...

နတ်ဆိုးဘုရင်များ အနည်းငယ် သံသယဖြစ်နေကြသည်။

ကောင်းကင်ယံတွင် မိုးကြိုးတို့ထစ်ချုန်းနေကြကာ နားကန်းလုမတတ်မြည်ဟိန်းနေ၍ နတ်ဆိုးဘုရင်များအားလုံး ထိတ်လန့်သွားကြသည်။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now