(1)

86 3 6
                                    

2022......
အာဏာသိမ်းကာလရဲ့အကျိုးဆက်အဖြစ် နိုင်ငံသည်ကမှောက်ကမ။ ထိုးကျသွားသောစီးပွားရေးဂယက်သည် အောက်ခြေလူတန်းစားမှစ လူလတ်တန်းစားတွေထိပါထိခိုက်လာလေပီ။
ကျတော့်အဖေရဲ့လုပ်စာတစ်ခုထဲနဲ့မိသားစုစားဝတ်နေရေးကမလုံလောက်တော့။ ကျန်းမာရေးမကောင်းသော မေမေ့ရဲ့အဖြစ်ချင်ဆုံးဆန္ဒမှာကျတော်တို့မောင်နှမနှစ်ယောက်လုံး ဘွဲ့ရပညာတတ်ဖြစ်ဖို့ဖြစ်သည်။ အောက်ခြေလူတန်းစားဖြစ်တဲ့အဖေနဲ့မေမေက သားသမီးတွေကိုပညာတတ်ဖြစ်စေချင်တာဘယ်တော့မှမမှားပေမဲ့ ဒီကာလမှာ ကျတော်ကျောင်းရပ်နားဖြစ်သည်။ ပါဝင်နိုင်ခြင်းမရှိတဲ့အရာတွေကြားထဲက ကျတော်လုပ်နိုင်တာကျတော်လုပ်ဖြစ်ခြင်းဖြစ်သည်။ ဒီတော့လည်းမေမေတို့ကဘာမှမပြောပါ။

ညီမလေးကလည်းအထက်တန်းတစ်ပိုင်းတစ်စနဲ့ကျောင်းနားဖြစ်သွားသည်။ ညီမလေး အေးသီရယ် မေမေရယ်ကအိမ်မှာကျန်နေချိန် ကျတော်ကအဖေနဲ့ အပြင်မှာအလုပ်ထွက်လုပ်ရသည်။ အလုပ်လိုက်လုပ်ဖို့ကိုမေမေတို့ကိုတစ်နှစ်ခန့်ပြောယူရသည်။ အင်ဂျင်နီယာဖြစ်မဲ့သားက ပန်းရံသံလျက်လိုက်ကိုင်နေတာမေမေရောအဖေကိုမကြိုက်ပေမဲ့ တရိပ်ရိပ်ထိုးတက်လာတဲ့ကုန်စျေးနှုန်းကြောင့်လက်ခံလိုက်ရတော့တာပဲ။

ဒါပေမဲ့သိပ်မကြာခင်က အဖေ့မိတ်ဆွေပန်းရံဆရာကြီးအဆက်နဲ့ကျတော် Auto Car service တစ်ခုမှာအလုပ်သင်အလုပ်ဝင်ရသည်။ သင်လည်းသင်လစာလည်းပေးပေါ့။ လစာကမများပေမဲ့ အိမ်လခ နဲ့ဆန်တအိတ်ဖိုးစာတော့ရပါတယ်။ ဒီလိုနဲ့ကျတော်ဟာ ကားစီးနိုင်တဲ့အသိုင်းအဝိုင်းကြီးကြားရောက်လာတော့တာပဲ။

မိသားစုထမင်းဝိုင်း။

ညစာမှလူစုံလက်စုံစားရတာမို့ ဒီလိုညစာဟာငပိရည်နဲ့ပဲဖြစ်ပါစေမြိန်တယ်။

"သားကြီးသန့်စင် ဒီနေ့ရောအလုပ်ကဘယ်လိုလဲ "

အဖေက လက်ဆေးဇလုံထဲလက်နှိုက်ဆေးရင်းမေးသည်။

"အဆင်ပြေပါတယ်အဖေ အဖေရော"

"အာဒီလိုပါပဲ အလုပ်ကတော့ ဟေ့ သမီးငယ်လေးခူးကွ စားမယ်"

အဖေ့ရဲ့စကားအဆုံး အေးသီလေးနဲ့မေမေက ဟင်းပွဲတွေလာချတော့သည်။ ထွေထွေထူးထူးမဟုတ် ကန်စွန်းရွက်ကြော် ငပိထောင်းနဲ့ ဘဲဥဆီပြန်ချက်သာ။ ဒါပေမဲ့ပူပူလောလော နံနံပင်ဟင်းရည်လေးကညနေစာမှာအပိုပါနေတော့စားမြိန်စဖွယ်။ ဒီလိုပဲ တရက်တာရဲ့အဆုံးမိသားစုစကားပြောရင်းလက်စုံစားရင်း။

......................

"ခွမ်း ခလွမ်း"

ကျကွဲသံတွေအဆုံး ရတု ဖုန်းကောက်ကိုင်ပီး အိပ်ခန်းထဲဝင်လာခဲ့သည်။ ထုံးစံအတိုင်း ပါပါးနဲ့သူ့မိန်းမရန်ဖြစ်ကြပြန်ပီ။ တခါတလေ ရတုတွေးမိတယ်။ ပါပါးကို မားကိုသေအောင်စိတ်နဲ့သတ်ပီးယူထားတဲ့နောက်မိန်းမနဲ့ဘာလို့များမသင့်မြတ်ရလေသလဲလို့။ ရီလည်းရီချင်တယ်။ စိတ်လည်းကုန်တယ်။ အခုလည်း ကျောင်းမတက်ချင်ဘူးပြောတဲ့ကြားက Internal School တစ်ခုမှာကျောင်းအပ်ထားပြန်ပီ။ ရတု 2021 မတိုင်ခင်ကအစိုးရကျောင်းမှာပဲတက်ခဲ့တာ။ ကိုဗစ်နဲ့အာဏာသိမ်းကာလမှာကျောင်းခဏနားပီး လုပ်ချင်တာလုပ်နေတုန်း ပါပါးပြောတာတော့အလေလိုက်နေတုန်းပေါ့ ဝင်ခွင့်ဖြေရတဲ့ IS ကျောင်းကောင်းကောင်းကိုဘယ်လိုပေးကမ်းမှူတွေလုပ်လိုက်တယ်မသိ ဝင်ခွင့်ရသွားလေသတည်းပေါ့။ သေချာတာတော့သူမဖြေနိုင်ခဲ့ပါ။

လွန်ဆန်မရနိုင်တဲ့အင်အားတွေကြောင့်ကျောင်းတက်နေရပေမဲ့သေချာတယ်ရတုစာတလုံးမှမလိုက်နိုင်သလိုလိုက်လည်းမလုပ်ပါ။

ပါပါးကချမ်းသာသားပဲလေ ဘွဲ့မရတော့ရောဘာအရေးလဲ။ ဒါကိုပဲရေးကြီးခွင်ကျယ်လုပ်နေသေး။
ပါပါးမိန်းမဆိုတာလည်းသူအိမ်မှာမနေလေကြိုက်လေဆိုတော့ ဒီနေရာတော့တက်တက်ကြွကြွပဲ။ အတွေးနယ်လွန်ရင်း ဗိုက်ထဲက တဂွီဂွိမြည်လာမှာနေ့လည်ထဲကဘာမှမစားရသေးမှန်းသတိရသည်။

ပါပါးတို့ရန်ပွဲလည်းဆဲပီ။ ရန်ပွဲရပ်သွားရခြင်းမှာ ပါပါးလည်းနောက်အငယ်အနှောင်းလေးတွေဆီလစ် ပါပါးမိန်းမလည်း ကလပ်သို့ဘားတစ်ခုခုဆီလစ်ပီနေမှာပေါ့။

ရတု အိမ်ပေါ်ကဆင်းလာပီးထမင်းစားခန်းဝင်လိုက်သည်။ ထမင်းစားစားပွဲအလည်ကအောက်စောင်းကိုမလိုက်တော့ ဟင်းပွဲတွေတပုံတပင်။ သို့သော်အေးစက်ပီး တစ်ဦးတယောက်ကမှစားထားဟန်မတူ။ ရတု ထမင်းတစ်ပန်းကန်သွားခူးပီး ထမင်းအေးအေးဟင်းအေးအေးကိုဇွတ်မြိုချလိုက်သည်။ မားကိုသတိရတယ်။ မားသာရှိရင်....။


သက်တံတွေရဲ့အဆုံးWhere stories live. Discover now