ကိုသန့်စင်မလာတဲ့ရက်တွေမှာသူ့အတွက်နေရတာအဆင်မပြေဘူး။ ပါပါးဆူပူတာထက်ကို ကိုယ့်စိတ်နဲ့ကိုယ်အဆင်မပြေနေခဲ့တာ။
စိတ်အဆင်မပြေတိုင်း သောင်းကျန်းအရွဲ့တိုက်တတ်ပေမဲ့ ကိုသန့်စင်ကိုတော့သူစိတ်လျော့ပီး
သွားချော့ခဲ့ပါသေးသည်။ ဒါကိုမလာ။ တကယ်ကြီးမလာတော့ဘူးလားဆိုတဲ့စိတ်ကဖိစီးလာတော့သည်။ မာမားနဲ့ပါပါးရန်ဖြစ်ပီး မာမားအိမ်ပေါ်ကဆင်းသွားတိုင်းသူခံစားရတဲ့ခံစားချက်တွေပြန်ပေါ်လာပီး တချိန်လုံးစိတ်ဆတ်နေတော့သည်။ လေတိုက်ရင်ကိုရန်ရှာချင်နေတာမျိူးမို့ကျောင်းလည်းမသွားဖြစ်။ ကြီးကြီးတို့လည်းသူ့ဒဏ်ကိုခံရလွန်းလို့အနားမှာကိုမနေကြ။...........
"အန်တီက ဘာကြည့်တာလဲ "
ပါပါးမိန်းမကသူ့ကိုစိုက်ကြည့်နေတာမို့ရတုဘုတောပစ်လိုက်သည်။
"အို အလကားဘာကြည့်စရာလဲ ကျောင်းမသွားတာဘယ်နှစ်ရက်ရှိပီလဲ ကျောင်းကဖုန်းဆက်တယ် မင်းပါပါးကိုဒုက္ခပေးနေတာတော်သင့်ပီပေါ့"
"အဲ့ဒါအန်တီ့အပူလား"
"ဟယ်ရိုင်းလိုက်တာ"
"ရိုင်းတယ်အန်တီသိသားပဲ "
ရတု ထိုနေရာမှထထွက်လာခဲ့သည်။ခြံထဲက နားနေဆောင် သစ်တုံးခုံလေးတွေသွားထိုင်ပီး အတိတ်တွေဆီစိတ်ပြန်ရောက်သွားသည်။
မာမား ။ မာမားကသိပ်လှတာပဲ။ ရှမ်းလူမျိုးမို့ဖွေးဥနုနယ်နေတာမျိုး။ မဟာဆန်ဆန်တည်တည်ငြိမ်ငြိမ်လေးလှတာ။ စကားပြောရင်ဝဲဝဲလေးနဲ့နူးညံ့သိမ်မွေ့ပီးအပြုအမူတွေကအစမြတ်နိုးစရာကောင်းတာ။
မာမား ကသိပ်သီးခံခဲ့တာပေါ့။ ရတုလူမှန်းသိတတ်စထဲက ပါပါးမှာအငယ်အနှောင်းများစွာရှိနေတာ။ မာမားရဲ့တိုးတိတ်တိတ်ကျတဲ့မျက်ရည်တွေသူအမြဲမြင်ခွင့်ရခဲ့တာ။ ရင်ခွင်ထဲရတုကိုကျစ်နေအောင်ဖက်ထားပီး အားကိုးစရာဆိုလို့ရတုပဲရှိကြောင်းပြောခဲ့တာ။
နောက်ပိုင်းမာမားရဲ့ခံနိုင်ရည်တွေလျော့လာပီးအပြန်အလှန်ရန်ဖြစ်မာမားရှမ်းပြည်အိမ်ပြန်သွားတဲ့အခါတွေဒီအိမ်ကြီးထဲသူပဲကျန်ကျန်ခဲ့တာမျိူး။ မာမားပြန်မလာတော့ဘူးလားဆိုတဲ့ခံစားချက်နဲ့ပိတ်လှောင်ငိုကျွေးရတဲ့ကလေးလေးတယောက်ရဲ့ခံစားချက်တွေကအခုနေပြန်တွေးလည်းမွန်းကျပ်နေဆဲ။ ဒီလိုနဲ့တနေ့မှာ မာမားကဒီအိမ်ထဲမှာပဲ သူ့ကိုအပီးထားသွားသည်။ ဟော်ဟိုလှမ်းမြင်ရတဲ့နှင်းဆီခြုံဘေးက ခုံတန်းလေးမှာမာမားကိုအသက်မဲ့လျက်တွေ့ခဲ့တာ။ လက်ထဲမှာစာတစ်စောင်နဲ့ပြန့်ကျဲနေတဲ့ဆေးတွေနဲ့ပေါ့။ လိမ္မာတဲ့ရတု မာမားကိုချစ်ပီးကာကွယ်ချင်တဲ့ရတုလေးကအဲ့နေ့ကနေပျောက်ဆုံးခဲ့ရတာပဲ။
.......
သန့်စင်စက်ဘီးကိုခါတိုင်းလိုအိမ်ကြီးဘေးရပ်ပီး တိတ်ဆိတ်နေတဲ့အိမ်ကြီးထဲဝင်ဖို့လုပ်ရင်း ခြံဒေါင့်က အဆောက်အုံလေးအောက်ငြိမ်ပီးထိုင်နေတဲ့ရတုကိုလှမ်းမြင်လိုက်ရတယ်။ လက်ထဲမှာ မသောက်ပေမဲ့ကိုင်ထားတဲ့ဆေးလိပ်တစ်လိပ်။ သန့်စင်ဒေါသထောင်းကနဲထွက်သွားပီး အနားခြေလှမ်းကျဲကျဲနဲ့ရောက်သွားပေမဲ့
မျက်ရည်စတွေနဲ့ရတုကိုတွေ့လိုက်ရသည်။ ရတုကငိုနေတာလား။ ရတုကဒီလိုကလေးဟုတ်လို့လား။"ရတု "
"ဟင် ကိုသန့်စင်"
ရုတ်တရက်အသိဝင်လာသလိုမော့ကြည့်သည်။ နောက်မှသတိထားမိပီး တဖက်လှည့်ကာမျက်ရည်တို့ကိုခပ်ကြမ်းကြမ်းသုပ်ပစ်သည်။
"ခင်ဗျား ပြန်လာပီလား"
"အွန်း"
မင်းဘာဖြစ်နေတာလဲလို့ သန့်စင်မမေးဖြစ်တော့။
"စာပြန်သင်ကြမလား"
"အင်းသင်မယ် ဒါပေမဲ့ ကျတော်ကျောင်းမသွားတာလေးရက်ရှိပီ"
"အင်း "
နှစ်ယောက်သားအိမ်ဘက်ကိုပြန်လျောက်လာကြသည်။
"ကိုသန့်စင် "
"ဟင် "
"ရော့"
လက်ထဲထည့်လာသောဆေးလိပ်ဘူး။
"ကျတော်ဆေးလိပ်ဖျက်တော့မယ်"
ပထမဆုံးကြည်ကြည်သာသာရတုပြုံးသည်။
ထို့နောက် စာကြည့်ခန်းထဲသို့အရင်ဝင်သွားလေတော့သည်။ဒီခဏ သူနဲ့ရတုကြားခြားထားသောအလွာတစ်ခုပြိုကျခြင်း နဲ့အတူ နားလည်မှုတစ်ခုသေးသေးလေးစတင်ပေါ်ပေါက်လာသည်လို့သန့်စင်ခံစားရသည်။ ရတုကိုသူသိချင်သည်။
ps...ဒီနေ့တော့အပိုင်းတိုသွားပါတယ်။