စိတ်ဒုက္ခပေါင်းမြောက်များစွာရအောင်ရတုနေ့စဥ်လုပ်နေတဲ့ကြားကပဲ တပတ်ပီးတပတ်ဖြတ်ကျော်နိုင်ခဲ့ပီ။
တစ်ခုအလျော့ပေးတိုင်းတစ်ခုထပ်တိုးတောင်းဆိုတတ်တာရတုပဲ။ သူဒီစာလုပ်ရင်ဆေးလိပ်တလိပ်သောက်မယ်ဆိုတဲ့နေ့ကတော့သန့်စင်သောင်းကျန်းပစ်တာပဲ။ အသားတွေတုန်တဲ့အထိ ဒေါသထွက်တာမြင်တော့ထိုကိစ္စကိုရတုဘက်ကလျော့သွားသည်။"မင်းငါ့ကိုမလေးစားရင်နေမစော်ကားနဲ့"
ဆိုတဲ့စကားကိုအထပ်ထပ်အသံတွေတုန်အောင်ပြောနေမိတာပဲသန့်စင်မှတ်မိသည်။
ရေအေးတခွက်လက်ထဲရောက်လာခြင်းနဲ့အတူ
ခုံပေါ်အတင်းဆွဲထိုင်ခိုင်းတဲ့ရတုအသံကိုသာကြားနေရတာလူကတုန်ရီနေတုန်း"ခင်ဗျားကလည်းစိတ်ကြီးပဲ မရရင်မရဘူးပြောလို့ရပါတယ်ဗျ ဘယ်လိုတောင်ဒေါသထွက်နေတာလဲ တောင်းပန်တယ်ဗျာကျတော်မှားသွားတယ်"
စားပွဲပေါ်ခေါင်းငုံချစိတ်တည်ငြိမ်အောင်လုပ်နေခြင်းနဲ့အတူ အရှုံးပေးလိုက်ဖို့ပဲစဥ်းစားသည်။
တော်ပီ ဒီလိုအရိုင်းစိုင်းကောင်ကိုမကူညီနိုင်ဘူးဆိုပီး။ သူ့မှာတော့ တပတ်ပီးတပတ် အလုပ်ကနေအပြေးပြန်လာအပြေးရေချိုးတခါတလေထမင်းတောင်မစားနိုင်ပဲ ဒီကောင့်ကိုကူညီဖို့ကြိုးစားခဲ့ရတာ အမြဲမထီမဲ့မြင်မလေးမစားတွေကိုသီးခံပီးလေ။ ငွေကြေးထက် စေတနာထားခဲ့တာအလကားဆိုပီး"တော်ပီ ငါအလုပ်ထွက်တော့မယ် ဦးကိုငါမနက်ဖြန်လာပြောလိုက်မယ်"
ထပြန်ဖို့ လုပ်တဲ့သူ့ကိုရတုကအတင်းလိုက်ဆွဲသည်။ သန့်စင်ရအောင်ရုန်းတော့ တံခါးရှေ့ပိတ်ရပ်သည်။
"မရဘူးခင်ဗျားကိုအလုပ်ပေးမထွက်ဘူး စာချုပ်ထဲမှာတနှစ်လုံးစာကျတော့်နားနေပေးမယ်ပြောထားတာ "
"ဖယ် မင်းနဲ့စကားမပြောဘူး "
"ကိုသန့်စင်"
အတင်းတွန်းထိုးနေတဲ့သူ့ကို ရအောင်ချုပ်ကိုင်လိုက်တော့ တံခါးမှာကပ်သွားသူက သန့်စင်ရယ်ပါ။ လူကောင်ချင်းကွာတာရော အင်အားချင်းမမျှတာရောကြောင့် ထပ်မရုန်းနိုင်ပေမဲ့ ရတုကိုစူးစူးဝါးဝါးစိုက်ကြည့်ပစ်ပီး