သန့်စင်ကို
အသားလတ်လတ် အရပ်မြင့်မြင့်သွယ်သွယ်နဲ့ မျက်နှာသွယ်သွယ်လေးကြောင့်ငယ်ငယ်ထဲကစာတော်တဲ့ရုပ်ကလေးပေါက်ပီးအခုလိုလုပ်ငန်းခွင်မှာလည်းခင်မင်သူပေါလှသည်။ ဆံပင်တိုပါးပါးညှပ်ပီး အမြဲတစေ ပြုံးနေတတ်တဲ့သူ့အမူအရာသည်အမြဲရှင်းသန့်ကြည်လင်နေတော့သည်။
ရိုးရှင်းအေးဆေးတဲ့မိသားစုကဆင်းသက်လာတာမို့အမြဲရိုးကျိုးစွာနေတတ်သည်။"သန့်စင်ရေ ဒီဆရာကြီးအတွက်ဘောင်ချာဆွဲပေးလိုက်ပါကွာ"
"ဟုတ်ကဲ့ခင်ဗျ"
သန့်စင်လုပ်လက်စကိုပစ်ထားပီး ဘောင်ချာကိုလက်ရေးဝိုင်းဝိုင်းနဲ့ရေးဖြတ်ပေးလိုက်သည်။
"ဒီမှာပါဦး"
ဥပတိရုပ်သန့်သန့်နဲ့ဦးလေးကြီးသည် သန့်စင်ကိုပြုံးပြပီး ငွေရှင်းပေးသည်။ အမ်းရမဲ့ပမာဏအတွက်
"ခဏစောင့်ပေးပါအုန်းဗျ"
"ရပီကောင်လေး မင်းမုန့်ဖိုးယူလိုက်"
သန်စင်အံအော်သွားတုန်းပဲ ထိုလူကြီးကသူ့ကားပေါ်ပြန်တက်သွားလေပီ။
ဒါပေမဲ့ငွေပိုကိစ္စကို မန်နေဂျာအကိုကို သန့်စင်ပြောပြလိုက်သည်။ ယူလည်းမယူဖြစ်လိုက်ပါ။ ရိုးသားလွန်းတာမျိုးမဟုတ်ပေမဲ့ ဒါမျိူးသူမလိုချင် လုပ်အားလစာအပြင်ပိုရတဲ့ငွေတွေက တစ်ချိန်ချိန်အနှောင်အဖွဲ့ဖြစ်လာမှာစိုးသည်။
...............
ရတု
ဖြူဖွေးနေတဲ့အသားအရေနဲ့ ခြောက်ပေလောက်ရှိတဲ့အရပ်အမောင်းကြောင့် (18) နှစ်သားလို့ဘယ်သူမှမထင်။ ထင်းလင်းပေါ်လွင်တဲ့သူ့ရုပ်ရည်က အရှိန်အဝါကိုရှိနေတာမျိုး။ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းကြောင့်ပိုလို့တင်းထန်တဲ့ ပုံစံပေါက်နေသူမို့ သူ့ကိုခင်ရဲသူအင်မတန်ရှားသည်။ သို့သော်သူ့ရဲ့အတွင်းစိတ်ကိုတိတိကျကျသိမယ်ဆိုရင်တော့ ရတုဟာနွေးထွေးတဲ့နှလုံးသားရှိသူဆိုတာသိလာလိမ့်မယ်။ ကမာကောင်တွေလိုပေါ့အပြင်ခွံမာကောနေသလောအတွင်းမှာပုလဲဥလေးတွေသိမ်းထားတဲ့နှနယ်တဲ့အတွင်းသားလေးရှိသည်။