Report ကဒ်ပေါ်ကအမှတ်တွေကိုကြည့်ပီး ဦးမင်းသန့်ဒေါသတွေဟာမျက်နှာမှာတရိပ်ရိပ်။
"မင်းမရှက်ဘူးလားဟေ့ဟျောင် ဟန် တစ်တန်းလုံးမှာမင်းအမှတ်နောက်ဆုံးပဲ"
ရတု ပါပါး ကိုမျက်လုံးတစ်ချက်လှန်ကြည့်ပီး ဖုန်းကိုသာပြန်ကြည့်နေလိုက်သည်။ ပြောသားပဲ သူမလိုက်နိုင်တဲ့အတန်းပါဆို။ ရတုဉာဏ်မကောင်းတာမဟုတ်ဘူး မလုပ်ချင်တာကိုမလုပ်နိုင်တာဒါပဲ။
"တောက်"
ပါပါးသွေးမတိုးခင်သူနေရာကထလိုက်သည်။
"တီချယ်တို့ကိုယ်တိုင်ကပါပါးကိုပေးလိုက်လို့သိရတာ ကျတော့်ကနေဆိုပါပါးမသိစေရဘူး နောက်ခါတီချယ်တို့ကိုပြောထားလိုက်လေ ကျတော်ကနေပဲပေးလိုကိဖို့ အဲ့ခါကျတော့ဖာသာစီစဥ်လိုက်မယ်"
"ရတု "
ဒေါသသံတွေဟာရတုနောက်ကျောမှာကျန်ခဲ့ပီ။ ဟိုမိန်းမကြီးရဲ့သွေးထိုးမှုတွေကြားပါပါးဒေါသကငယ်ထိပ်ရောက်တော့မယ်ဆိုတာရတုသိပီးသား။
အခန်းထဲရောက်တော့ ဂီတာကောက်ကိုင်လိုက်ပေမဲ့ရေရေရာရာဘာမှမလုပ်ဖြစ်။ ဒီလိုပဲသူ့နေတွေညတွေဟာဘာမှရေရေရာရာမရှိ။
ဒါနဲ့ကျောပိုးအိတ်ကိုဆွဲယူပီးဆေးလိပ်ဘူးရှာမိသည်။ မတွေ့။ အော် ဟိုလူသူ့ဆေးလိပ်ဘူးကိုဆွဲချိုးလိုက်ပီးနောက်သူဆေးလိပ်မှထပ်မဝယ်ဖြစ်ခဲ့တာ။ ဒါနဲ့ အဲ့လူကဒီရပ်ကွက်ထဲကပဲလား။ ဟုတ်တယ်ဆိုနောက်တခေါက်ကသူ့အလှည့်ပဲ။
"အဟွန်း"
ရတုနှုတ်ခမ်းတွန့်ယုံပြုံးပီးနောက် အာရုံထဲထိုလူပုံပေါ်လာသည်။ လူကြည့်တော့ဖြူဖတ်ဖတ်နဲ့ ဆရာကြီးမတရားလုပ်ချင်ပုံပဲ။ တွေ့ချင်သေးပါရဲ့တခါလောက်။
.................
အေးသီလေးက သူ့ခြေထောက်ကိုဆေးလိမ်းပေးပီးနောက်ပတ်တီးပါးလေးနဲ့ပတ်ပေးသည်။
"ကိုကိုကြီးရယ် ဂရုစိုက်ပါ "
"ကိုကိုကဂရုစိုက်ပါတယ် အဲ့ကောင်လေးကဇွတ်မောင်းလာလို့ အခုလည်းဘာမှတော့သိပ်မဖြစ်ပါဘူး"