"ပါပါးမင်းအတွက်ဂိုက်ရှာထားတယ်"
ဦးမင်းသန့် ထမင်းဝိုင်းမှာသားဖြစ်သူကိုအသိပေးလိုက်ခြင်းဖြစ်သည်။ တဖက်ကောင်လေးက ပထမတော့လုံးဝလက်မခံ ဒါပေမဲ့ တရက်မှာတော့ ထိုကောင်လေးကိုယ်တိုင်ဖုန်းဆက်လာသည်။ သူ ရတုရဲ့ဂိုက်အဖြစ်လက်ခံပါမယ်လို့ ။
ငွေရေးကြေးရေးစကားမပြော ပေမဲ့ ရတုကို သူကိုင်တွယ်ခွင့်အပြည့်ပေးဖို့ပဲပြောလာတယ်။
ဒါမျိုးကိုပဲဦးမင်းသန့်လိုချင်ခဲ့တာမို့ အပြည့်အဝကိုကတိပေးလိုက်ပီး သန္တာ့ကိုပဲနဲနဲမှဝင်မပါဖို့ပြောထားပီးသားဖြစ်သည်။
"ပါပါးကလည်း "
ဆူဆောင့်ဆောင့်မျက်နှာပေးဂျစ်တစ်တစ်ရုပ်ကတကယ့်ကိုရိုက်ပေါက် ဘယ်သူ့သားလဲဆိုသူ့သား။ သူ့သားသည်သူနဲ့တပုံစံထဲဖစ်သည်။
"မင်းတောင်းထားတဲ့ သီးသန့်နေခွင့်ရချင်ရင်ဒီနှစ်အောင်အောင်ဖြေလိုက် မိဘကစီစဥ်ထားတာလက်ခံလိုက်"
"ကျစ်"
ဇွန်းကိုစောင့်ချပီးထွက်သွားတဲ့သားကိုကြည့်ပီး ဦးမင်းသန့်သက်ပြင်းချရသည်။
...............
တကယ်တော့ သန့်စင် ဟိုကောင်လေးကိုဂိုက်မလုပ်ပေးချင် တရက်မှသုံးနာရီအချိန်ပေးယုံနဲ့တလ လေးသိန်းခွဲရမှာမနဲလှဘူးဆိုပေမဲ့ပေါ့။
ဒါပေမဲ့ တလလောက်အတွင်းနည်းမျိူးစုံနဲ့ နှောက်ယှက်တဲ့ကောင်ကိုကောင်းကောင်းပညာပေးချင်လာတာကတကြောင်း အဖေ့ကိုလည်းနားစေချင်မိတာတကြောင်းကြောင့်ဒီအလုပ်ကိုလက်ခံဖို့ဆုံးဖြတ်ဖြစ်သွားသည်။ သူ့အဖို့ထူးထွေပီးပင်ပန်းနေတာလည်းမဖြစ်လို့လေ ညနေငါးနာရီအလုပ်ကပြန်ရေချိုးထမင်းစားပီး 6 နာရီကနေ 9 နာရီထိစာလုပ်ကူယုံနဲ့ အဖေအနားရသွားနိုင်သည်။ ပီးတော့သူငွေကူချင်ထောက်ချင်တဲ့နေရာလေးတွေရှိနေသည်။ ဒီအာသီသကလည်းတအားမို့
အစစအရာရာဆုံးဖြတ်ပီး မေမေနဲ့တိုင်ပင်ပီးနောက်ဒီအလုပ်ကိုလက်ခံဖစ်သွားသည်။ဒီနေ့ကပထမဆုံးနေ့။
အလုပ်ကအပြန်ခပ်သွက်သွက်ရေချိုးပီး မေမေပြင်ပေးတဲ့ထမင်းကိုအလောစားလိုက်သည်။ မိသားစုထမင်းဝိုင်းထဲသူမဝင်အားတော့။ စာအုပ်တချိူ့နဲ့ဖုန်းယူပီး စက်ဘီးစီးကာ သုံးလမ်းအကျော်က ဦးမင်းသန့်အိမ်ကိုရောက်လာခဲ့သည်။