5

15 4 10
                                    

"ကားမှန် စတေကာ ကပ်ချင်လို့"

မျက်မှန်အနက်နဲ့လူငယ်က အလုပ်ရုံအဝထိ ရောက်လာပီပြောသည် မို့ သန့်စင်လှည့်ကြည့်လိုက်သည်။ သူနှင့် တခြားတယောက်ပဲ ဒီနားရှိတာမို့သူတို့ကိုပြောတာသေချာသည်။ စမတ်ကျကျဝတ်စားထားတဲ့လူငယ်က မျက်မှန်ကိုဆွဲချွတ်လိုက်တော့

"မင်းပဲ"

"အွန်း ခင်ဗျားကဒီမှာအလုပ်လုပ်တာလား"

ဘေးဘီဝေ့ဝဲကြည့်ရင်းမေးသည်။

"ဟုတ်တယ် ဘာဝန်ဆောင်ပေးရမလဲ "

"မှန်အားလုံးစတေကာကပ်ပေး အော် ခင်ဗျားပဲကပ်ပေး"

မော်ဒန်မြင့်ကားအနက်ကိုကြည့်ပီး ဒီကောင်လေးရဲ့ချမ်းသာကြွယ်ဝမှုကိုသန့်စင်သဘောပေါက်လိုက်သည်။ ဒါကြောင့်လည်းဇောင့်ကြွားကြွားဖြစ်နေတာဖြစ်မည်။

သူအလုပ်လုပ်နေရာနံဘေးရစ်သီရစ်သီလုပ်နေတဲ့ကောင်လေးကိုသန့်စင်မျက်စိတချက်စွေကြည့်လိုက်သည်။

"ဟိုမှာထိုင်စောင့်လို့ရတယ်"

"ရပ်ကြည့်လို့မရဘူးလား "

ပြီတီတီစပ်ဖြီးဖြီးကောင်မို့ သန့်စင်တချက်လောင်နားရင်းရိုက်ခိုက်ချင်ပေမဲ့လက်ရှိသူက ဆိုင်ရဲ့ဧည့်သည်မို့ မြိုသိပ်ထားရသည်။ ဆေးလိပ်လေးတစ်ဘူးချိုးမိယုံနဲ့နှောက်ယှက်တာမပီးတော့။

.............

ခလွမ်း

ဟာ

အသံတွေအများကြီးထွက်ကျလာခြင်းနဲ့အတူ
ကောင်လေးလက်ထဲက အအေးခွက်လွတ်ကျသွားခြင်းကြောင့် ကောင်လေးရဲ့ဖိနပ်အဖြူပေါ်လိမ္မာ်ရောင်အရေတွေစွန်းထင်းကုန်သည်။

"ဆော်ရီး ကျတော် မတော်တဆ "

ပြာပြာသလဲ တမင်ဖြူစင်ပြထားတဲ့ရုပ်လေးလုပ်ထားပီး သန့်စင်ကိုလှမ်းကြည့်သည်။

မန်နေဂျာအကိုက စိတ်ပူသွားဟန်နှင့်

"ရတယ် ကောင်လေး ထားထား တယောက်ယောက် ဖန်ကွဲတွေကောက်ပေးလိုက်ပါအုန်းရှကုန်မယ် ဘယ်သူအားလဲ "

ဘယ်သူအားလဲလို့သာဆိုတာ မျက်လုံးကအနားကသူ့ကိုသာကြည့်နေပီမို့ သန့်စင် အနားသွားပီး ဖန်စတွေကိုကောက်ယူလိုက်သည်။ အနားကဖိနပ်အဖြူကိုတချက်မကျေမချမ်းကြည့်လိုက်ပေမဲ့ လုပ်စရာရှိတာလုပ်နေတုန်း

သက်တံတွေရဲ့အဆုံးWhere stories live. Discover now