" ယွန်းဂီ သွားကြရအောင်ကွာ.....နော် "
"မဖြစ်ဘူးကွ အမေက ငါ့ကို အဲ့လိုနေရာတွေကို လုံးဝမသွားဖို့ တားမြစ်ထားတယ်ကွ အထူးသဖြင့် ဘားဆို ပိုလို့တောင်ဆိုးသေးတယ် ၊ ငါ အဲ့နေရာသွားမှန်းသာ မေမေသိသွားကြည့် ငါ့ကို အရမ်းစိတ်ဆိုးနေမှာ "
ယွန်းဂီ သူ့လက်မောင်းကို ချိတ်တွယ်ကာ တောင်းဆိုနေသည့် သူငယ်ချင်းဖြစ်သူ ဟန်မင်ယောင်း ရဲ့လက်ကို ဖြုတ်ချကာ တစ်ဖက်သို့ လှည့်ပြီး ငြင်းဆိုလိုက်သည်
ဟန်မင်ယောင်း သည် ယွန်းဂီ နှင့် အလယ်တန်းစတက်ထဲက ခင်ခဲ့ပြီး ယခု အထက်တန်းပြီးသည့်တိုင် ခင်ခဲ့သည့်သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သည်
အဘယ်ကြောင့်ဆိုသော် မင်ယောင်း သည် သူဌေးသားတစ်ဦးဖြစ်သော်ငြား ငွေကြေးမပြည့်စုံသော ယွန်းဂီ အပေါ် ခင်"မင်" နှင့် ပွင့်"လင်း " ဆက်ဆံတတ်တာကြောင့်ပင် ၊ အထူးသဖြင့် ယွန်းဂီ ကို နှိမ့်ချဆက်ဆံတတ်ပြီး အနိုင်ကျင့်ရန် ချောင်းမြောင်းနေကြသော တချို့အတန်းဖော်တွေရဲ့ ရန်မှလည်း ကာကွယ်ပေးတတ်တာလည်း ပါပါသည်
ယနေ့သည် ယွန်းဂီ တို့ အထက်တန်းနောက်ဆုံးနှစ်ရဲ့ စာမေးပွဲပြီးသည့်နေ့မို့ မင်ယောင်း က ယွန်းဂီ အား ဘားသို့ သွားရန် လာညှိနေခြင်းဖြစ်သည် ၊ ယွန်းဂီ သည် ဘားကို သွားဖို့မပြောနဲ့ ဘားဆိုတာ ဘယ်လိုဘယ်ပုံဆိုတာပင် မသိသောသူတစ်ယောက်ဖြစ်သလို မင်ယောင်း ဆိုသည်မှာလည်း ဘားကို ကြားသာကြားဖူးပြီး မရောက်ဖူးပေ
ယခုကတော့ မကြာခင် တက္ကသိုလ်ကျောင်းသားလည်း ဖြစ်တော့မည်ဆိုတော့ လက်တက်စမ်းရန် မင်ယောင်း က ယွန်းဂီ အား အဖော်စပ်ခြင်းသာ
" အန်တီ မင်းကို ဘားမပေးသွားတာ ငါသိပါတယ် ယွန်းဂီ ရ ၊ အဲတာကလည်း မင်းအရက်သောက်မှာဆိုးလို့ နေမယ် ၊ ငါတို့လည်း အရက်မသောက်ဘူးလေ ၊ ဒီတိုင်းသွားကြည့်ရုံပဲ အတွေ့ကြုံလေးရတာပေါ့ကွာ "
" မင်းရှာတဲ့ အတွေ့ကြုံကလည်း ကောင်းတာ
ကိုး "" ယွန်းဂီကလည်းကွာ သွားကြရအောင်ပါ ၊ ခုသွားပြီးလို့ အကယ်၍ မင်းမကြိုက်ဘူးဆို ငါတို့ နောက်ဘယ်တော့မှ ထပ်မသွားဘူးလေ နော် "
