Euphoria ဆိုသည့် ကော်ဖီဆိုင်လေးရဲ့ အဝင်ဝတံခါးလေး ပွင့်အန်လာသည်နှင့်အတူ လှုပ်မြည်လာသော ခေါင်းလောင်းအသံလေးကြောင့်ကောင်တာအနောက်ရှိ ကော်ဖီဖျော်စက်တွင် အလုပ်ရှူပ်နေပါသော ဂျောင်ဂုရဲ့ လုပ်လက်စအလုပ်လေးတွေက ရပ်တန့်သွားရသည်
ပုံမှန်ဆို အကြောင်းမဟုတ်ပေမယ့် ဒီချိန်က ဧည့်သည်လာရမည့်အချိန်မဟုတ်သလို ဆိုင်ဝရှိ Close ဆိုသည့် ဆိုင်းဘုတ်လေးကလည်း Open လို့မှ မပြောင်းရသေးတာ
" ဦးလေး "
ဆိုင်တံခါးဝနောက်ကွယ်မှ ခေါင်းတစ်လုံးလေးသာ ပေါ်လာကာ ဂျောင်ဂုကို ပြုံးပြနေပါသော တူဖြစ်သူကြောင့် ဂျောင်ဂု ဟင်းးခနဲသာ သက်ပြင်းချလိုက်ပြီး တစ်နေ့စာအတွက် လုပ်ဆောင်ထားရမည့် ဖျော်စရာတွေကိုသာ ပြင်ဆင်နေလိုက်သည် ၊ တကယ်ပဲ ဒီကောင် ခုချိန်ထိ ကုမ္ပဏီမသွားရသေးဘူးလာ ၊ ၊ အလုပ်နောက်ကျရင် သူ့အဖေက သူ့သား ကိုယ့်ဆီမှာလား ဘာဘား ညာလားနဲ့ အစစ်ဆေးက ခံရဦးမည်
" ဂျီမင် အလုပ်မသွားသေးဘူးလာ "
" သွားမလို့ပါပဲ အမေက ဦးလေးဆိုင်က ကိတ်လေးစားချင်တယ်ဆိုလို့ လာဝယ်ပေးတာ "
ဂျောင်ဂု အလုပ်ရှူပ်နေရာ ကောင်တာပေါ်တွင် လက်ကလေးထောက်ကာ ပြောလာပါသော ဂျီမင်ရယ်ပါ
" အာ့ဆို ခဏလေးထိုင်စောင့် ၊ ကိတ်က ခဏနေမှရမှာ "
" ဟုတ်ကဲ့ပါ "
ဂျီမင် အေးဆေးသာ ပြန်ဖြေပြီး စားပွဲဝိုင်းလေးတစ်ခုတွင်သာ ဝင်ထိုင်လိုက်ရသည် ၊ တစ်ဆိုင်လုံးသို့ ဂျီမင် ဝေ့ကြည့်လိုက်တော့ ဆိုင်အတွင်းခန်းတွင်တော့ အသံတချို့ကြားရပြီး လူအရိပ်ယောင်တော့ မမြင်ရပေ ၊ ဆိုင်ဝန်ထမ်းလေးတွေ ဖြစ်ပါလိမ့်မယ် ၊ ဦးလေးကလည်း သူ့အလုပ်ကိုသာ သည်းကြီး မည်းကြီးလုပ်နေလေသည်
မနက်က အဝတ်စားလဲအပြီး ဂျီမင်အလုပ်သွားမလို့ပင်ရှိသေး မေမေက ကိတ်အရမ်းစားချင်တယ်ဆိုလို့ ဂျီမင် ကိုယ်တိုင် လာဝယ်ပေးရခြင်း ၊ မေမေက ဟိုးအရင်ကထဲက အချိုသိပ်ကြိုက်သူမို့ ကိတ်မုန့်တို့ Cheese ကိတ်တို့ဆို သူမရဲ့အသည်းစွဲပင်
