အမြဲ ခန့်ခန့်ညားညားနဲ့ သပ်သပ်ရပ်ရပ်နေတတ်သည့် ယွန်းဂီရဲ့ ချစ်ရသူအကိုက ဘာကြောင့် ခုလို ယွန်းဂီမမှတ်မိနိုင်လောက်တဲ့အထိ မူးနေရတာလဲ" အ...ခန်း....အခန်းထဲကို ပို့ပေးပါ "
မျက်နှာနုနုလေးမှာ ချွေးတိချွေးပေါက်လေးတွေနှင့်ပင်
ပြတ်တိပြတ်တောက်နဲ့ ဆိုလာသည့် စကားသံကြောင့် ယွန်းဂီမှာ ကြောင်အမ်းနေရာမှ အသိဝင်လာတော့ အကို့ကို တွဲရမလိုလို မတွဲရမလိုလိုနဲ့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတော့သည်" အ.,...ခန်း.....အခန်း "
" ဘာ.....ဘာပြောတာလဲဗျ "
ဗလုံးဗထွေးသံနှင့် ဆိုလာသည့် စကားကို ယွန်းဂီ မသဲကွဲနေသည့်အတွက် သေချာပြန်မေးလိုက်တော့ ယွန်းဂီပြန်ရလိုက်တာက အကို့ရဲ့ အကြည့်စူးစူးတစ်ချက် ၊ ထိုအကြည့်က ယွန်းဂီကို တုန်ယင်သွားစေပါသည်
" အခန်းထဲကို လိုက်ပို့လို့ !!! "
" ဗျာ....ဟုတ်...ဟုတ်ကဲ့ "
ဒေါသသံနှင့်ဆိုလာသည့် စကားကိုပင် ယွန်းဂီ စိတ်မခုအားဘဲ အကို့အား ယွန်းဂီ တွဲရပြန်သည် ၊ အကိုက ယွန်းဂီထက် အရပ်မြင့်ပြီး ခန္ဓာကိုယ်ထွားသည်မို့ ယွန်းဂီမှာ သူ့ချိုင်းအောက်ကနေ လျှိုဝင်ပြီး လက်တစ်ဖက်ကို ယွန်းဂီပုခုံးပေါ်သို့ တင်စေကာ တွဲပြီး သန့်စင်ခန်းအပြင်သို့ ထွက်လာတော့သည်
" ဟို...အ..အခန်းက ဘယ်မှာလဲဟင် "
မျက်လုံးပင် မဖွင့်နိုင်လောက်အောင် မူးနေသည့် အကို့ကို ယွန်းဂီ မော့ကြည့်ပြီး မေးရပြန်သည် ၊ ယခု ယွန်းဂီရင်ခုန်နေတာကြောင့် ယွန်းဂီအသံက မူးနေသည့်သူ့အသံထက်ပင် တုန်ယင်နေပါသည် ၊ ယွန်းဂီက မျှော်ပဲမျှော်ကြည့်နေရသည့် အကိုနဲ့ အနီးကပ်ရှိနေရသည်ကို ရင်မခုန်ဘဲနေမလာ
" အပေါ်ထပ်....,.. သုံးလွှာမှာ ငါ့ရဲ့ ကိုယ်....ကိုယ်ပိုင် VIP အခန်း.....ရှိတယ်....အခန်းနံပါတ်က 128... အဲ့ကိုသာ အမြန်.....ပို့ပေးစမ်းပါ ....ဒီမှာ.... မရတော့ဘူး "
"ဟုတ်...ဟုတ်ကဲ့.... ပို့ပေးပါ့မယ် "
ခန္ဓာကိုယ်ချင်းကွားခြားသည့်အပြင် အရက်ပါ မူးနေတာကြောင့် ယွန်းဂီထိုခန္ဓာကိုယ်ကြီးကို တွဲသွားရသည်မှာ ခြေပါယ်ိုင်နဲ့နဲ့ဖြစ်ချင်နေသည် ၊ ထိုသို့ယိုင်နဲ့နေသည့်တိုင်အောင် ယွန်းဂီကတော့ အကို့ရဲ့ အဝါရောင်ခပ်ဖောက်ဖောက် ဆံနွယ်လေးတွေ ၊ အရက်ရှိန်ကြောင့် မျက်လုံးအစုံတို့ မှေးစင်းနေသည့်ခါ ပေါ်နေသည့် မျက်ခွံခပ်မို့မို့လေးတွေ ၊ နှုတ်ခမ်းဖူးဖူးလုံးလုံးလေးတွေကို တစ်ချက်ချက်ငေးကြည့်နေမိသေးသည် ၊ယွန်းဂီရဲ့အကိုကတော့ အပေါ်အောက် အနက်ရောင်ဝမ်းဆက်လေးနဲ့ အရက်မူးလို့ ဖရိုဖရဲဖြစ်နေသည့်တိုင် တည်ကြည်ခန့်ညားနေဆဲပါပဲ