Part - 3

568 59 9
                                    

" မောနင်း ဦးလေး"

ဂျောင်ဂု အပေါ်ထပ်မှ ဆင်းအလာ လှေကားအစွန်းအရောက်တွင် အခန်းထဲမှ ယခုမှ ထွက်လာပုံပေါ်သော တူဖြစ်သူ ဂျီမင် က နှုတ်ဆက်လာသည်

" မောနင်း ဂျီမင် .... မင်းရော ခုမှနိုးတာလာ ".

" ဟုတ်တယ် ဦးလေး... ထမင်းစားခန်းသွားမယ်မဟုတ်လာ ၊ အတူသွားရအောင် "

ဂျီမင် တစ်ယောက် သေဖော်သေဖက်လာညှိနေပြီဆိုတာကို ဂျောင်ဂု တပ်အပ်သိလိုက်ရသည် ၊ သူတို့နှစ်ဦး အတူပြန်ဆုံသည့်အထိမ်းအမှတ်နဲ့ ညက အတော်လေးရေချိန်ကိုက်ခဲ့သည်မဟုတ်ပါလာ ၊ သေချာသည်ကတော့ သူတို့နှစ်ဦးကို ထမင်းစားခန်းတွင် ဗုံးတစ်လုံး စောင့်နေမှာပင်

" အေ သွားကြမယ်လေ "

တူဝရီးနှစ်ဦးမှာ ညကအရှိန်က မနက်ထိပင် အကျိုးသက်ရောက်နေလေတော့ မကြည်မလင်
နှင့်သာ ထမင်းစားခန်းထဲသို့ ဝင်ခဲ့ကြသည်

" နိုးတော်မူကြပြီလာ?  ကျွန်တော်မျိုးမက ရေနဲ့လာပတ်နှိုးတော့မလို့တောင် ပြင်ဆင်ပြီးနေပြီ  "

ထင်တဲ့အတိုင်းပင် ဂျီမင် ၏ အမေ ပတ်ခ်ဂျီဝူး က ထမင်းစားစားပွဲပေါ်သို့ မုန့်ပန်းကန်တို့ ချရင်း ရွဲ့တဲ့တဲ့နဲ့ ပြောနေလေတော့ ဂျီမင် မှာ ဇက်ကလေးပုကာ ကုတ်ချောင်းကုတ်ချောင်းနဲ့သာ နေရာယူလိုက်လေသည် ၊ ဂျောင်ဂု ကတော့ အမဖြစ်သူကို လျစ်လျူရှူကာ စားပွဲဝိုင်းထိပ်တွင်ထိုင်​ပြီး သတင်းစာဖတ်နေသော ယောက်ဖဖြစ်သူကိုသာ နှုတ်ဆက်ရင်း ဝင်ထိုင်လိုက်လေသည်

" မနေ့က အိမ်ပြန်နောက်ကျမယ်လို့ ဖုန်းဆက်ပြီး နှစ်ယောက်သား ဘာလို့ မူးပြန်လာရတာလဲ "

" ကျွန်တော်တို့ Soju နည်းနည်းသွားသောက်ကြတာပါ အမေ"

" နည်းနည်း? နှစ်ယောက်လုံး လူလိုသူလိုတောင် လမ်းမလျှောက်နိုင်လောက်တဲ့ထိ ဖြစ်တာတောင် နည်းနည်းလို့ပြောသေးတယ်နော် ၊ အံ့သြပ "

မျက်နှာကြီးမဲ့ရွဲ့ကာ ပြောနေသော ပတ်ခ်ဂျီဝူး ရဲ့စကားသည် အမှန်ပင်မို့ ဂျီမင်ရော ဂျောင်ဂု ကပါ တိတ်တဆိတ်သာ နာခံလျက်ပင် ၊ ညက သူတို့နှစ်ယောက်ကို ဘားကကောင်လေးကသာ ကားမောင်းပို့ပေးခဲ့ရသည်လေ ၊ အိမ်ရောက်တော့လည်း နှစ်ယောက်သားကို ကိုယ်စီအခန်းထဲရောက်အောင် ဂျီမင်ရဲ့ အဖေရယ် အမေရယ် အဒေါ်ကြီးရယ်တို့သာ ပို့ပေးခဲ့ရသေးသည် ၊ ဂျီမင်ရဲ့အမေကသာ ဆူနေပေမယ့်  အဖေ ကတော့ ကော်ဖီကို စိမ်ပြေနပြေသောက်ရင်းသာ သတင်းစာဆက်ဖတ်နေသည်

BYGONEWhere stories live. Discover now