စမ်းရေကျသံကဲ့သို့ ညိမ့်ညောင်းလှသော ခပ်ကြွကြွစန္ဒယားသံလေးသာ ပျံ့လွင့်နေသည့် Euphoria ဆိုသည့် Coffee & book shop လေးတွင် ဖြစ်သည်
မှန်နံရံနှင့်သာ ကာရံထားပြီး ဝါကျစ်ကျစ်မီးလုံးလေး တေွကိုသာ အသုံးပြုထားသည်မို့ Classic ဆန်လွန်းလှသည့် ဆိုင်အတွင်းတွင် Coffee နဲ့ cake မျိုးစုံရောင်းချသည့်အပြင် စာအုပ်စင်လေးပါ ထပ်လောင်းထည့်ထားသည်မို့ တိတ်တဆိတ်နဲ့စာဖတ်တတ်သူများတွက် အသွားသင့်ဆုံး.ဆိုင်လေးတစ်ဆိုင်ဖြစ်သည်
ဆိုင်၏အရှေ့တွင်သာမက ဆိုင်အတွင်းတွင်လည်း နိုင်ငံခြားမှ သီးသန့်မှာယူထားသည့် အစိမ်းရောင်အပင်ပုလေးတွေ ၊ မြင်ရခဲလှသည့် ပန်းမျိုးစိတ်လေးတွေလည်း ရှိနေပါသေးသည် ၊ ထိုသို့မျှ ထည်ဝါလှသော ဆိုင်လေးသို့လည်း စားသုံးသူအတော်များများ သဘောကျလှပါသည် ၊ ဘာလို့ဆို ဆိုင်အပြင်အဆင်က ကိန်းကြီးခမ်းကြီးနိုင်သလောက် ဈေးနှုန်းက အသင့်
တင့်သလို ဆိုင်ပိုင်ရှင်နဲ့ ဝန်ထမ်းလေးတွေကလည်း Service ေကာင်းသကိုးဆိုင်ဖွင့်ချိန်မရောက်သေး၍ Customer ဟူ၍ တစ်ယောက်မျှ မရှိသော ထိုဆိုင်လေးတွင် ခန္ဓာကိုယ်အချိုးအစားတောင့်တောင့်ဖြောင့်
ဖြောင့်နှင့် အင်မတန်မှ ချောမောခန့်ညားလှသည့် အသက် 40 အရွယ်ကော်ဖီဆိုင်ပိုင်ရှင်နှင့် အသားခပ်ညိုညို အရပ်ခပ်မြင့်မြင့်နှင့် အသက် 20 ခန့် ဝန်ထမ်းကောင်လေးတို့သာ ရှိနေပါသည်" သူဌေး.... အစ်ကိုယွန်းဂီ ကို မျှော်နေတာလာ "
စာအုပ်စင်တွင် သန့်ရှင်းရေးလုပ်နေသော ဝန်ထမ်းကောင်လေး
လီရှင်း က counter တွင်ထိုင်ကာ ဆိုင်တံခါးဝကို ကြည့်လိုက် ၊ ဖုန်းကိုကြည့်လိုက်နှင့် နာရီပိုင်းလောက်မျှပင် အလုပ်ရှူပ်နေပါသော သူ့သူဌေးအား မေးခြင်းသာ" မ....မဟုတ်ပါဘူး "
စကားထစ်နေသော သူဌေးဖြစ်သူရဲ့ အကြောင်းကို အလုံးစုံသိနေပါသော လီရှင်း က မသိချင်ယောင်ဆောင်လိုက်ကာ ခေါင်းသာညိမ့်ပြလိုက်ပြီး စာအုပ်စင်ကိုသာ သန့်ရှင်းရေးဆက်လုပ်နေလိုက်သည် ၊ အမှန်ဆို လီရှင်း၏အလုပ်သည် စားပွဲထိုးရန်သာ ဖြစ်ပြီး စာအုပ်စင်သန့်ရှင်းရန်နှင့် ကော်ဖီဖျော်သည့်အလုပ်သည်
အစ်ကိုယွန်းဂီ ၏ အလုပ်ဖြစ်ပါသည်