Part - 1

1K 72 9
                                    

မနက်ခင်းရဲ့ နေရောင်ခြည်ပင် ကောင်းစွာ မထွက်သေးသည့်တိုင် ခရီးဆောင်အိတ်နှင့် အတူ သွားသွားလာလာလူတချို့ ၊ ယူနီဖောင်းကိုယ်စီဖြင့် ကျရာတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအချို့နှင့်အတူ အင်ချွန်းလေဆိပ်မှာတော့ အရောင်အသွေးစုံလင်နေပါသည်

မကြာမီမှာပင် ထိုလူအားလုံး၏ သုံးပုံနှစ်ပုံခန့်သော လူထုရဲ့ အာရုံစူးစိုက်မှုသည် တစ်နေရာထဲတွင်သာ တစ်ထပ်တည်းကျသွားလေသည် ၊ ဤသည်မှာတော့ Langgae အိတ်နှစ်လုံးကို
စတိုင်လ်ကျကျ တစ်ဖက်စီကိုင်ဆောင်လာသည့် လူငယ်လေးတစ်ဦး

အနက်ရောင် လည်သာဂျက်ကတ်နှင့် အနက်ရောင် လည်သားဘောင်းဘီရှည် ၊ အနက်ရောင် Sunglass ၊ ကုန်ကုန်ပြောရလျှင် အဝါရောင်ခပ်ဖောက်ဖောက်ဆံသားမှလွဲ၍ ခေါင်းအစခြေအဆုံး အနက်ရောင်သာ ဆင်မြန်းထားသည့် လူငယ်လေးတစ်ဦးပင်

မည်မျှပင် အနက်ရောင်ချည်းသက်သက် ဖုံးလွှမ်းထားပါစေဦး ၊ ထိုလူငယ်လေးရဲ့ ကျဥ်းမြောင်းနေသောမျက်ဝန်းအိမ် နှင့် ခပ်ထူထူနှုတ်ခမ်းနှစ်လွှာကြားမှ ဖြစ်ထွန်းလာသည့် အပြုံးတို့ကတော့ တောက်ပနေဆဲပါပဲ

ထိုလူငယ်လေးကတော့ ချောမောသည့် ရုပ်ရည်နှင့်သာမကဘဲ Social Media တွင်လည်း လျှမ်းလျှမ်းတောက်ကျော်ကြားနေသော ကောင်ချောလေးအဖြစ်သာမက နာမည်ရပြီးသားဖြစ်သော ' P & G ' Branded အဝတ်အထည်နှင့်အိတ်များကိုသာ အဓိကထုတ်လုပ်သည့်  ကိုးရီးယားနိုင်ငံ၏ Top 3 ဝင် Park Group ၏ တစ်ဦးတည်းသောသားအဖြစ်နှင့်လည်း ပုရိသတို့၏ အာရုံကို ဖမ်းစားထားနိုင်ပါသည်

တစ်ဆက်တည်းမှာပင် အမေရိကတွင် 5 နှစ်ကြာ စီးပွားရေးဆိုင်ရာ ဘာသာရပ်ကို သင်ယူခဲ့သည့် Park Group ရဲ့ အမွေဆက်ခံသူ ပတ်ခ်ဂျီမင်  ကိုးရီးယားမြေကို ခြေပြန်ချပြီမို့ သတင်းစာခေါင်းကြီးပိုင်းတွင် Park Group ရဲ့ ဥက္ကဌရာထူး လွှဲပြောင်းခြင်းမဟုတ်လျှင် Park Group ရဲ့ အကြီးအကဲပိုင်းတစ်နေရာရာတော့ အပြောင်းအလဲဖြစ်လာမည့်သတင်းက ဟိုးလေးတ​ကျော်ကျော် ဖြစ်လာမည့်အ​ရေးကိုလည်း ကြိုတင် ဟောကိန်းထုတ်ထားပြီးဖြစ်သည်

အငေးခံ လူသားလေး ပတ်ခ်ဂျီမင် ကတော့ မည်သူတစ်ဦးတစ်ယောက်တွက်ရယ်လို့ ရည်ရွယ်ခြင်းမရှိပါဘဲ အလှပဆုံးသော ကိုယ်ပိုင်အပြုံးလေးတစ်ပွင့်နှင့်သာ Taxi ငှားရန် ထွက်လာချေ​ေလပြီ

BYGONEWhere stories live. Discover now