werewolf & vampire(part5)

83 5 0
                                    

တော်၀င်နန်းတော်....

အကြီးအကဲများနဲ့တော်၀င်မျိုးနွယ်များသခင်ကြီးmalcolmရဲ့ဈာပနအခမ်းအနားသို့တက်ရောက်ကြလေသည်။...အကြီးအကဲ၄ယောက်ကတော့လာသမျှဧည့်သည့်များအားကြိုဆိုဧည့်ခံကြလေသည်။
သခင်ကြီးရဲ့တပည့်၄ယောက်ဟာသခင်ကြီးရဲ့ခေါင်းတလားဘေးတွင်တာ၀န်ရှိသူအနေဖြင့်ခေါင်းတလားအားစောင့်ရှောက်ကြလေသည်။ခေါင်းတလားဘေးပတ်ပတ်လည်တွင်နှင်ဆီနီအပွင့်ကလေးများဖြင့်လှပစွာအလှဆင်ထားလေသည်။ခေါင်းတလားကိူစင်မြင့်ပေါ်တွင်ထားကာလာရောက်သူမှန်သမျှထိုခေါင်းတလားဘေးနားတွင်၀မ်းနည်းခြင်းနှင်းဆီပွင့်များကိူလာရောက်ထားကြလေသည်။morganတစ်ယောက်အနက်ရောင်သမန်း၀တ်စုံဖြင့်ဖခင်၏ဈာပနာအခမ်းအနားကျင်းပရာဆီသို့မိခင်လက်ကိုတွဲပြီးလျှောက်လာခဲ့လေသည်။..morganကိုလှမ်းတော့သောကြောင့်mollyတစ်ယောက်လက်ပြခဲ့ပေမယ့်morganကမိခင်ဖြစ်သူကိုဘဲကြည့်နေခဲ့တာကြောင့်သူမလက်ပြတာကိုမြင်ခဲ့ချေ။..mollyသူ့အနားကိုသွားဖို့လုပ်တော့မိခင်ဖြစ်သူကခေါင်းခါပြတာကြောင့်မသွားဖြစ်တော့ပေ။...morganငိုနေသောမိခင်ကိုဖခင်ရဲ့ခေါင်းတလားအနားသို့ခေါ်လာခဲ့လေသည်။...morganမိခင်ဖြစ်သူဘေးနားမှာထိုင်ချလိုက်ပြိးဖခင်ဖြစ်သူအားနောက်ဆုံးအနေဖြင့်ဦးသုံးကြိမ်ချကာကန်တော့လေသည်။

Morgan - ''အဖေကျနော်အဖေနဲ့အတူပညာတွေကိုသင်ယူခွင့်မရခဲ့တာကျနော်၀မ်းနည်းတယ်....အဖေ့ဆီကဆုံးမစကားသံတွေကိုကျနော်ကြားခွင့်မရတော့ဘူးဆိုတဲ့အသိဟာကျနော့်ကိုခံစားချက်ပေးနေခဲ့တယ်...''

morganဖခင်ခေါင်းတလားရှေ့မှာစကားပြောနေရင်းမျက်ရည်များကျလာခဲ့လေသည်။
morgan..မျက်ရည်များကိုမြင်တော့ဖခင်ဖြစ်သူစကားကိုပြန်ကြားယောင်လာခဲ့သည်။

~ငါ့သားယောကျာ်းဆိုတာဘယ်တော့မှမျက်ရည်မကျရဘူး...အရှုံးမပေးရဘူး...ကိုယ်လုပ်ရဲရင်ခံရဲတဲ့သတ္တိရှိခြင်းဟာတကယ့်ယောကျာ်းကောင်းဘဲ...ငါ့သားအဖေပြောတဲ့စကားတွေကိူမမေ့လိုက်ပါနဲ့...တော်၀င်နန်းတော်ရဲ့အရှင်သခင်နေရာဟာအင်မတန်တာ၀န်ကြီးတယ်...နောင်တစ်ချိန်မှာငါ့သားအဖေ့နေရာကိုအမွေဆက်ခံရမယ်ဆိုရင်အဖေအခုပြောခဲ့စကားတွေကိုလိုက်နာပြီးအရှင်သခင်ကောင်းဖြစ်အောင်ကျင့်ကြံပါ..~

WEREWOLF & VIMPIREWhere stories live. Discover now