Werewolf & Vampire (part32)

111 8 0
                                    

၂ရက်ခန့်ကြာသော်

morganနဲ့tergatတို့မနားတန်းခရီးနှင်လာခဲ့ရာနောက်ဆုံးတော့အံ့မခန်းတောစပ်ကိုရောက်လာခဲ့လေသည်။အံ့မခန်းတောစပ်နားမှာကင်းစောင့်နေကြသော၀ံပုလွေ၂ကောင်ဟာသူတို့၂ယောက်ကိုတွေ့တော့ချက်ချင်းသူတို့ဆီကိုပြေးလာပြီးတားလိုက်လေသည်။

အစောင့် - ''မိတ်ဆွေတိူ့ကဘယ်သူတွေလဲ...''

Morgan - ''hopမင်းကအရင်အတိုင်းဘဲမပြောင်းလဲဘူးနော်....''

hop - ''မိတ်ဆွေကကျနော့်ကိုသိနေတာလား...မိတ်ဆွေဘယ်သူလဲ...''

ထိုအခါmorganကခြုံလွှာကိုဖယ်ချလိုက်လေသည်။hopလည်းmorganကိုအံ့သြခြင်းများနဲ့အတူချက်ချင်းဒူးထောက်အရိုသေပေးလေသည်။

Hop - ''သ...သခင်ကြီး.ကျနော်မသိလို့ခွင့်လွှတ်ပေးပါ...''

Morgan - ''ရပါတယ်ကွာ...အခုလိုမင်းတဲ့နဲ့ပြန်ဆုံရတာငါအရမ်း၀မ်းသာတယ်..ငါမိသားစုရောနေကောင်းကြတယ်မလား..'

Hop - ''ဟုတ်ကဲ့သခင်ကြီးနေကောင်းပါတယ်...သခင်ကြီး..ကိုသခင်လေးmoonကရှာဖွေဖို့ထွက်သွားပြီး...သခင်ကြီးနဲ့သခင်လေးmoonတိူ့လမ်းမှာမဆုံဖြစ်ကြဘူးလား..''

morganအစောင့်hopပြောသောစကားကြောင့်တောလမ်းခရီးမှာတွေ့ခဲ့သောလူငယ်လေးကိုသတိရသွားလေသည်။

Morgan - ''သခင်လေးmoonဆိုတာငါ့သားလား...hop''

Hop - ''မှန်ပါတယ်သခင်ကြီး..သခင်ကြီးရဲ့သားပါ...''

Morgan - ''ငါ့မိန်းမရောအခုဘယ်မှာလဲငါသူ့ကိုတွေ့ချင်တယ်...''

Hop - ''သခင်မကြီးသခင်လေးmoonကိုမွေးပြီးပြီးချင်းဘဲမီးတွင်းထဲမှာဆုံးသွားခဲ့တယ်..''

Morgan - ''ဘာ!!!!မဖြစ်နိုင်ဘူး...ငါ့မိန်းမကငါပြန်လာတာကိုစောင့်နေမှာတဲ့...မဟုတ်ဘူး...''

Morganတစ်ယောက်ချက်ချင်းပင်နန်းတော်ဆီသိို့ထွက်လာတော့သည်။

တော်၀င်နန်းတော်..

Morgan - ''အမေ!!!အမေ!!''

နန်းတော်တံခါး၀ကအစောင့်များmorganအားမြင်သည်နှင့်ချက်ချင်းအရို
အသေပေးကြလေသည်။

All - ''သခင်ကြီးmorgan''

Aishaနန်းတော်အပြင်ဘက်ကနေသားဖြစ်သူရဲ့အော်သံကြားတာကြောင့်ချက်ချင်းပင်ထွက်လာခဲ့လေသည်။
နန်းတော်အပြင်ဘက်တွင်ရပ်နေသောသားဖြစ်သူကြောင့်aishaမှာ၀မ်းသာမျက်ရည်များဖြင့်ပြေးပွေ့လေသည်။Loyalလည်းအပြင်ကအသံများကြောင့်နန်းတော်ထဲကထွက်လာခဲ့လေသည်။

WEREWOLF & VIMPIREWhere stories live. Discover now