werewolf & vampire (part12)

64 5 0
                                    

12.6.1547

ညနေပိုင်း၄နာရီအချိန်တိူ့ရောက်ရှိလာခဲ့လေသည်။တော်၀င်သမန်းမျိုးနွယ်စုခေါင်းဆောင်morganမှာလည်းဧရာတောအုပ်ကိုသွားဖို့အဆင်သင့်ဖြစ်လေပြီး မိခင်ဖြစ်သူAishaမှာသားဖြစ်သူအားမျက်ရည်များနှင့်နှုတ်ဆက်နေလေသည်။mollyမှာတော့သူမခင်ပွန်းကိုဆုံးရှုံးရတော့မှာကိုအလွန်စိုးရိမ်ပူပန်မိလေသည်။သူမခင်ပွန်းကိုစိတ်ဆိုးနေတာကြောင့်စကားမပြောဘဲရပ်ကြည့်နေလေသည်။morganဇနီးဖြစ်သူစိတ်ဆိုးနေမှန်းသိနေတာကြောင့်သူမအနားကိုလျှောက်သွားပြီးသူမလက်လေး၂ဖက်ကိုကိုင်ပြီး...

Morgan -''ချစ်ကို့ကိုစိတ်မဆိုးပါနဲ့ကိုအဖေအတွက်ကိုကတိပေးထားပြီးပြီး..ကိုတာ၀န်ကျေပါရစေနော်..စိတ်ချပါချစ်နဲ့ကလေးဆီကိုကိုသေချာပေါက်ပြန်လာမှာပါချစ်ရယ်...ချစ်ကို့ကိုစောင့်နေပေးပါနော်...ကိုသွားတော့မယ်...''

သူမလက်ကိုလွှတ်ချလိုက်ပြီးသူမကိုကျောခိုင်းလိုက်ချိန်မှာပင်အနောက်ကနေသိုင်းဖက်လာသောလက်တစ်စုံနဲ့အတူကျောပြင်ကိုထိတွေ့စိုစွတ်လာသောအရာ..သူမငိုနေခဲ့သည်။...morganချက်ချင်းသူမဘက်လှည့်မလို့လုပ်တော့သူမကပေးမလှည့ဘဲတင်းကြပ်စွာဖက်တွယ်ထားလေသည်။

Molly -''ကျမကိုကတိပေးပါရှင်ဘာမှမဖြစ်ဘဲပြန်လာရမယ်လို့ကတိပေးပါနော်....ကျမနဲ့ကလေးရှင့်ကိုစောင့်နေမယ်.morgan''

Morgan -''စိတ်ချပါချစ်ရယ်ကိုသေချာပေါက်မင်းဆီပြန်လာခဲ့ပါ့မယ်...ကိုကတိပေးပါတယ်ကွာ....ကိုတိူ့ရဲ့ကလေးမွေးလာခဲ့ရင်ကိုတိူ့နာမည်ပါအောင်မှည့်ပေးပါနော်...

Molly - ''အင်းကျမရှင့်ပြောထားတာတွေကိိမမေ့ပါဘူးmorgan..ကျမတို့ကလေးနာမည်ကိုသေချာပေါက်ရှင်ပြောတဲ့အတိုင်းမှည့်ပေးပါ့မယ်....''

နောက်ဆုံးနှုတ်ဆက်အနမ်းအားသူမနဖူးပေါ်သို့ချွေချလိူက်လေသည်။မိခင်ဖြစ်သူနဲ့အကြီးအကဲတို့ဘက်လှည့်ကာ

Morgan -''အမေနဲ့အကြီးအကဲကျနော့်ရဲ့ဇနီးကိုသေချာဂရုစိုက်ကြပါနော်ကျနော်သွားတော့မယ်တော်၀င်နန်းတော်ကိုလည်းမသမာသူလက်ထဲမရောက်အောင်စောင့်ရှောက်ပေးကြပါ..''

WEREWOLF & VIMPIREWhere stories live. Discover now