Werewolf & Vampire (part28)

73 6 0
                                    

Jessamineတစ်ယောက်callidoraကိုရှာမတွေ့သောကြောင့်တပည့်များကိုဆဲဆိုတော့သည်။

Jassamine - ''တောက်!!!မင်းတို့ကောင်တွေကိုဘယ်သူကအမိန့်ပေးလို့callidoraကိုအဆိပ်စူးနဲ့ပစ်ရတာလဲ....သူမတစ်ခုခုဖြစ်လို့ကတော့မင်းတို့အသေဘဲ....သွားရှာကြစမ်း..''

တပည့်များ - ''ဟုတ်ကဲ့သခင်လေး...''

jassamineတို့တွေလည်းcallidoraကိုထိုအနီးတ၀ိုက်တွင်လိုက်လံရှာဖွေကြလေသည်။moonမိန်းကလေးတစ်ယောက်ကိုကိုက်ချီပြီးနားခိုဖို့ဂူတစ်လုံးကိုရှာဖွေနေလေသည်။...တစ်နေရာသို့ရောက်တော့အောက်ဘက်ကျောက်တုံးကြီးတွေကြားမှလူ၀င်ပေါက်အပေါက်လေးတစ်ခုကိုတွေ့သွားတာကြောင့်ချက်ချင်းကျောက်တုံးတွေကြားပြေးလာခဲ့လေသည်။လူပုံပြောင်းပြီးမိန်းကလေးကိုတွဲကာထိုအပေါက်ငယ်လေးထဲ၀င်လာခဲ့လေသည်။အထဲကိုရောက်တော့မှောင်မဲနေတာကြောင့်moonသူ၏၀ံပုလွေမျက်လုံးကိုအသုံးပြုပြီးအမှောင်ထဲတွင်လမ်းလျှောက်လာသည်။တစ်နေရာသို့ရောက်တော့ကျောက်ကုတင်လိုလိုအရာတစ်ခုကိုတွေ့တာကြောင့်သူမကိုထိုအပေါ်သို့တင်လိုက်လေသည်။သူမဒဏ်ရာရထားသလားစစ်လိုက်တော့ခြေထောက်တွင်စူးတစ်ချောင်းစိုက်၀င်နေတာကြောင့်ချက်ချင်းဆွဲနုတ်ပေးလိုက်လေသည်။နာကျင်လွန်းတာကြောင့်သူမညဥ်းမိသွားသည်။ထိုဆူးချောင်းကိုသေချာနမ်းကြည့်လိုက်လေသည်။

Moon - ''ဒါအဆိပ်ဆူးဘဲ...သူမအဆိပ်မိနေခဲ့တာပေါ့..အမြန်ကုသမှဘဲ...''

moonသူမကိုကုသပေးဖို့အတွက်ဆေးပင်ဆေးရွက်များကိုရှာဖွေရန်အပြင်သို့ထွက်လာခဲ့လေသည်။

အချိန်မှာည၁၁နာရီကိုရောက်နေလေပြီး...

တပည့် - ''သခင်လေးကျနော်တို့ရှာနေတာနေရာနှံ့နေပြီးအခုထိရှာမတွေ့သေးဘူး''

တပည့် - ''သခင်လေးအရင်ပြန်ကြရအောင်နက်ဖြန်မှဆက်ရှာကြတာပေါ့...''

Jassamine - ''ငါမပြန်ဘူး..callidoraကိုတွေ့အောင်ရှာပြီးမှပြန်မယ်...''

တပည့် - ''သခင်လေးနောက်ကျနေပြီးသခင်ကြီးသခင်လေးကိုစိတ်ပူနေလိမ့်မယ်ပြန်ကြရအောင်သခင်လေး''

WEREWOLF & VIMPIREWhere stories live. Discover now