Werewolf & Vampire (part23)

64 5 0
                                    

အံ့မခန်းတောအုပ်....

အမတ်ကြီးအိမ်တော်....

Shaneတို့မိသားစုတွေအခန်းတစ်ခုထဲတွက်ဆွေးနွေးတိုင်ပင်နေကြလေသည်။

Shane - ''နက်ဖြန်ကျရင်moonဆိုတဲ့ကောင်တော်၀င်သခင်နေရာကိုဆက်ခံမယ့်နေ့ဘဲ...ငါတို့တွေလုပ်ကြံနေတာခုထိမအောင်မြင်ခဲ့ဘူး...moonဆိုတဲ့ကောင်ကိုရှင်းပစ်နိုင်ရင်တော်၀င်မျိုးနွယ်စုတွေကိုလည်းရှင်းပစ်သွားနိုင်ပြီး...ငါတိူ့တွေအချိန်ဆွဲနေလို့မဖြစ်တော့ဘူး''

Jolian - '' ရှင်ဘယ်လိုလုပ်ဖို့စီစဥ်ထားလဲshane.''

Shane - ''ငါတို့ဒီညဘဲလှုပ်ရှားကြတာပေါ့...''

Savage -''အဖေနဲ့အမေဘာလို့တော်၀င်သခင်လေးအပေါ်မှာအခုလိုဆက်ဆံနေရတာလဲသားနားမလည်နိုင်တော့ဘူး''

Jolian - ''သားအဘိူးကိုသတ်ခဲ့တဲ့သူတွေကိုပြန်ပြီးကလဲ့စားချေနေတာလေ...တော်၀င်မျိုးနွယ်စုကအမေတို့ရဲ့အဖေကိုသတ်ပစ်ခဲ့တဲ့သူတွေဘဲ..အမေတို့ကသူတို့ကိုအငြိုးထားနေအုန်းမှာ...သားလည်းတော်၀င်သခင်နေရာကိုဆက်ခံဖိူ့အဆင်သင့်ပြင်ထား....''

Savage - ''သားမလုပ်နိုင်ဘူးအမေ..သားmoonနဲ့ဘဲတော်၀င်သခင်ကြီးနေရာကထိုက်တန်တာ.သားကဘာဘဲဖြစ်နေပါစေmoonရဲ့လက်အောက်မှာဘဲနေမယ်...moonကိုသတ်ပြီးတော့သူပိုင်တဲ့အရာနဲ့သားနေနိုင်မယ်လို့အမေတို့ထင်နေတာအမှားဘဲ.....''

Shane - ''မင်းအမြင့်မှာနေစေချင်လို့ငါတို့မိဘတွေကအခုလိုစီစဥ်နေခဲ့တာ..မင်းကမွေးကျေးဇူးကိုမှမထောက်ငါတို့ကိုတောင်ပြန်ခံပြောရဲသေးတယ်.....နက်ဖြန်တော်၀င်သခင်နေရာကိုဆက်ခံဖို့ပြင်ထား..ငါဒီညmoonဆိုတဲ့ကောင်ကိုသွားသတ်မယ်...''

ထိုအချိန်သူတို့အခန်းရဲ့ပြတင်းပေါက်ကနေလူရိပ်လိုလိုအရာတစ်ခုကပြေး၀င်လာခဲ့လေသည်။

Shane - ''မင်းဘယ်သူလဲ...ဘာလာလုပ်တာလဲ...''

Regal -''ကျစ် !! ကျနော်ပါဗျာ...ဘာလို့အသံအကျယ်ကြီးနဲ့အော်ဟစ်နေတာလဲ...''

regalကိုမြင်ရတော့၃ယောက်လုံးအံ့သြနေကြလေသည်။အံ့သြမှာပေါ့Regalကမနေ့တနေ့ကဘဲmoonလက်ချက်နဲ့ဆုံးသွားခဲ့တာလေအခုလိုအကောင်းအတိုင်းပြန်မြင်ရတော့အံ့သြကုန်ကြတာပေါ့....

WEREWOLF & VIMPIREWhere stories live. Discover now