Werewolf & Vampire (part16)

78 5 0
                                    

၂ရက်ခန့်ကြာသော်

ဘုန်းတော်ကြီးကျောင်း

Tergat -''ဘုန်းဘုန်းဒီလူကိုဘယ်ကိုခေါ်ဆောင်သွားရမှာလဲဘုရား..''

ဘုန်းတော်ကြီးကtergatပြောသည်ကိုနားထောင်ပြီးနောက်ကိုရင်တစ်ပါးကိုခေါ်လိုက်လေသည်။

ဘုန်းတော်ကြီး - ''ကိုရင်သီလရေ..လာပါအုန်းကွယ့်...''

ဘုန်းတော်ကြီးခေါ်သံကြောင့်စမ်းချောင်းကနေရေထမ်းလာသောကိုရင်သီလမှာပုခုံးပေါ်မှာတင်ထားသော၀ါးကိုအောက်သို့ချပြီးဘုန်းတော်ကြီးဆီသို့လေထက်မြန်သောအရှိန်ဖြင့်ပြေးလာခဲ့လေသည်။အသက်၉နှစ်သာရှိသေးသောကိုရင်လေးမှာအမြဲတမ်းတက်ကြွနေတတ်လေသည်။ဘုန်းတော်ကြီးနေသောကျောင်းဆောင်ရှေ့ကိုရောက်တော့ဘုန်းတော်ကြီးနဲ့tergatအပြင်tergatပုခုံးပေါ်မှလူတစ်ယောက်ကိုလည်းမြင်တွေ့ရလေသည်။ကိုရင်လေးဘုန်းတော်ကြီးဆီအမြန်သွားပြီး

ကိုရင်သီလ -''အရှင်ဘုရားတပည့်တော်ကိုခေါ်တာအဘယ်ကိစ္စကြီးရှိလို့ပါသလဲဘုရား''

ဘုန်းတော်ကြီး-''ဒကာကြီးtergatကိုရင်သီလဆီကိုလွဲပေးလိုက်ကျန်တာကိုရင်စီစဥ်ပါ့မယ်...ကိုရင်ဒကာ့ကြီးtergatဆီကလူကိုဆေးကုသပေးဖို့ကိုရင့်ကိုတာ၀န်ပေးလိုက်မယ်.ဘုန်းတော်ကြီးတို့ခရီးထွက်စရာရှိသေးလို့ဒီဒကာ့ကိုကိုရင်စောင့်ရှောက်ပေးပါ..ဒကာကြီးဒီဒကာကိုကိုရင်နဲ့ထားခဲ့ပြီးဘုန်းကြီးတို့ဗုဒ္ဓတောင်ကိုသွားကြရအောင်...''

ဘုန်းတော်ကြီးစကားကိုကိုရင်သီလကလက်အုပ်ချီပြီးပြန်လည်လျှောက်ထားလေသည်။

ကိုရင်သီလ-''တင်ပါ့ဘုရားတပည့်တော်သေချာစောင့်ရှောက်ပြီးဆေးကုပေးပါ့မယ်ဘုရား....''

ဘုန်းတော်ကြီးကိုရင်သီလစကားကိုနားထောင်ပြီးသည်နှင့်ဒကာtergatနဲ့အတူဗုဒ္ဓတောင်သို့ထွက်သွားလေသည်။

(ဗုဒ္ဓတောင်ဟာဒီကမ္ဘာတွင်အမြင့်ဆုံးတောင်ကြီးဖြစ်ပြီးထိုနေရာကိုသာမန်လူတို့မရောက်နိုင်ပေ...တောင်ကြီးရဲ့မြင့်မားမှုဟာကောင်းကင်ပေါ်ကသကြားမင်းနန်းတော်ကိုတောင်ဖောက်ထွက်နိုင်တယ်လို့တင်စားထားကြသည်။....)

WEREWOLF & VIMPIREWhere stories live. Discover now