werewolf & vampire (part15)

66 6 0
                                    

tergatတစ်ယောက်ဘုန်းတော်ကြီးရဲ့စေခိုင်းမှုကြောင့်ချောက်ထဲသို့ခုန်ဆင်းလာခဲ့သည်။သူကိုယ်တိုင်ခုန်ဆင်းရင်သေနိုင်တာကြောင့်ဘုန်းတော်ကြီးပေးထားသောအဆောင်ကိုထုတ်သုံးခဲ့လေသည်။ဘေးမသီရန်မခဘဲနဲ့ချောက်ရဲ့နက်ရှိုင်းတဲ့ဘက်ခြမ်းကိုရောက်ရှိလာခဲ့သည်။အောက်ဘက်တွင်အောက်ဆီဂျင်မရှိသောကြောင့်အသက်ရှုရခက်လာလေသည်။tergatစိတ်ဖြင့်ဘုန်းတော်ကြီးအားအကူအညီတောင်းလေသည်။စိတ်ချင်းဆက်သွယ်ရသောအခါဘုန်းတော်ကြီးဆီမှာမန္တန်တစ်ပုဒ်ကိုချက်ချင်းသင်ယူပြီးရွတ်ဆိုလိုက်တော့ဘယ်ကမှန်းမသိရောက်လာသောလေတွေကြောင့်အသက်ရှုလို့ရသွားတော့သည်။ဒီလိုနဲ့မှောင်မဲနေသောလမ်းအတိုင်းဆက်လျှောက်လာခဲ့ရာအရှေ့တွင်လူပုံစံအရာတစ်ခုကိုတွေ့ရလေသည်။သေချာကြည့်တော့ဟုတ်သည်လူတစ်ယောက်ပင်....ထိုလူနားသွားကြည့်ပြီးနှာခေါင်းထိပ်နားကိုလက်၂ချောင်းပူးပြီးအသက်ရှုမရှုစမ်းသပ်ကြည့်လေသည်။အသက်တော့ခပ်သဲ့သဲ့ရှုနေသေးတာကြောင့်tergatထိုလူအားကိုက်ချီပြီးအပေါ်သို့ပြန်တက်လာခဲ့လေသည်။သို့သော်အဆင်းထက်အတက်ကပို၍ခက်ခဲလှတာကြောင့်tergatတစ်ယောက်လူက်ုပါးစပ်ကနေကိုက်ပြီးချောက်ကမ်းပါးရဲ့နံရံတွေမှထိုးထွက်နေသောကျောက်တုံးကျောက်စူးများကိုနင်းပြီးအပေါ်သို့ရောက်ရှိလာခဲ့လေသည်။အပေါ်သို့ရောက်တော့ဘုန်းတော်ကြီးကထိုလူကိုသေချာကြည့််ပြီးtergatအားပြောလေသည်။

ဘုန်းတော်ကြီး- ''tergatသူ့တစ်ယောက်ထဲကိုဘဲတွေ့ခဲ့တာလား...''

Tergat -''ဘုန်းတော်ကြီးတပည့်တော်ဒီတစ်ယောက်ကိူဘဲတွေ့ခဲ့တာပါဘုရား...''

ဘုန်းတော်ကြီး - ''အင်းကံတရားကဒီဒကာ့ဘက်မှာရှိနေပေလိူ့ပေါ့....ဒကာသူ့ကိုသယ်လာခဲ့ကျောင်းတော်ကိုပြန်ကြမယ်...''

Tergat -''ဘုန်းတော်ကြီးသူကလူကောင်းလားလူဆိုးလားမှမသိတာသူ့ကိုကျောင်းတော်ကိုခေါ်သွားဖို့မသင့်ပါဘူးဘုရား...''

ဘုန်းတော်ကြီးမှာစိတ်ပူလွန်းသောဒကာဖြစ်သူဘက်ကိုလှည့်ပြီးပြောလာသည်။

ဘုန်းတော်ကြီး -''လူကောင်းလူဆိုးမခွဲခြားဘဲကူညီတာကသူတော်ကောင်းတွေရဲ့မေတ္တာတရားဘဲ..ဒကာဒုက္ခရောက်နေတဲ့သူကိုကယ်တင်တာကုသိုလ်ရတဲ့အလုပ်ပါကွယ်...ဒီဒကာကိုဒီတိုင်းထားလိုက်ရင်ဒဏ်ရာတွေကြောင့်သေသွားနိုင်တယ်..ဒကာtergatသေချာကြည့်လိုက်ပါအုန်းဒီလူရဲ့ကိုယ်ပေါ်ကဒဏ်ရာတွေ....ဒကာအသက်တစ်ချောင်းကယ်ကောင်းပါတယ်ကွယ်...ဒကာကယ်တင်လာခဲ့လို့အခုလိုအသက်ရှင်နိုင်ခဲ့တာပေါ့ဒကာဘုန်းကြီးတို့ကူညီလက်စနဲ့အဆုံးထိကူညီပေးရအောင်ကွယ်...''

WEREWOLF & VIMPIREWhere stories live. Discover now