အပိုင်း(၃)

217 12 0
                                    

အနာဂတ်ရဲ့ အိမ်သားကြီး

"သားငယ် ထွဋ်ထွဋ် ဟိုရောက်ရင်ကိုကို့ကိုမဆိုးရဘူးနော်"
ဒေါ်ချမ်းအေးဟေသာသည် သူ့(မ)သားငယ်၏အဝတ်အစားများကိုခရီးသွားအိတ်လေးထဲကူထည့်ပေးရင်ဆိုလာလေသည်

"ဟုတ်ကဲ့ပါ မာမီရဲ့ မာမီကလဲမသိရင်သားကကို့ကိုနှောက်ယှက်ဖို့လိုက်သွားတဲ့လူဆိုးကောင်ကျနေတာပဲ"

နှာခေါင်းလေးရှုပ်ကာမျက်နှာခပ်ဂျစ်ဂျစ်လေးပြောနေသောသားငယ်ကိုကြည့်ကာသဘောတကျကျဖြင့်

"အမလေး လူဆိုးကောင်တော့မဟုတ်ပေမဲ့ မာမီသားကလူညစ်ကောင်လေးလေ မထင်ရင်မထင်သလိုခေါင်းကြောကမာတတ်လွန်းလို့ ကိုဦးလေးစိတ်ရှုပ်နေရမှာစိုးတဲ့မာမီကမှာနေရတာ"
"ဟုတ်ပါပြီ မာမီရဲ့ ကိုဦးလေးကို သားသိတတ်ပါ့မယ်"

ကိုဦးလေး ကိုဦးလေးနှင့်ပါးစပ်ဖြားကမချတဲ့သူ့ရဲ့မာတာမိခင်ကိုစကားနာလေးထိုကာစတော့ မာမိကမျက်စောင်းထိုးကာ သူ(မ)လုပ်စရာရှိသည်ကိုသာဆက်လုပ်ရင်းတစ်ညလုံး မှာတမ်းခြွေလို့ကိုမဆုံးနိုင်မည်ပုံပါပင်

.....

ခရီးသွားမည့်နေ့

"အယ် သားမော် လာလာ မင်းညီလဲအဆင်သင့်ပဲ ကိုဦးလေးပြောတာ ညနေ့၄နာရီမှာဆို"

ဒေါ်ချမ်းအေးသီတာက ဧည့်ခန်းမှနာရီကြီးကိုမော့ကြည့်ကာ ယခုမှ နေလည်၁ချက်ထိုးပဲရှိသေးသည်ကြောင့်မေးခြင်းဖြစ်သည်။

"ရတယ်အန်တီအေးဆေး ကျွန်တော်တမင်စောထွက်တာ ထွဋ်ထွဋ်နဲ့သုံးယောက်သား အပြင်မှာနေလည်စာစားမလို့
ကိုဦးကလဲ မနက်ထဲက သူ့စတူရီယိုမှာအလုပ်လက်စသတ်နေရတာမို့လို့ ထွဋ်ထွဋ်ကို ကျွန်တော်ပဲလာဝင်ခေါ်လိုက်တာ"

"အေးကွယ် ထွဋ်ထွဋ်က လိုက်ချင်ပါချည့်ရဲ့ဆိုလို့သာထည့်ပေးရတာ သားတို့ကိုအားနာတယ်"

"ဒီလူအချင်းချင်းအားနာစရာမလိုပါဘူး အန်တီချမ်းရဲ့ ထွဋ်ထွဋ်က သားတို့ညီလေးလိုပါပဲ ကလေးကနေလဲနေတတ်ပါတယ်"

"မင်းတို့ပဲပြောကြတော့ ဒီကလေးဆိုးတာသိရဲ့နဲ့ "
သားငယ်ဘက်ကရှေ့နေ့လိုက်သူအားကြည့်၍ ဒေါ်ချမ်းအေးသီတာ ခေါင်းတငြိမ့်ငြိမ့်နဲ့ရယ်တော့သည်။

အနာဂတ်ရဲ့အိမ်သားကြီးအကြောင်းပြောပြချင်မိ Where stories live. Discover now