အပိုင်း(၈)

340 12 2
                                    

အနာဂတ်ရဲ့အိမ်သားကြီး

ဒီနေ့လေးဟာ ကိုကိုနှင့်ထွဋ်ခေါင်၏ ပထမဆုံးစတင်တွဲဖြစ်ကြသည့်နေ့လေးဖြစ်ပါသည်။

ထွဋ်ခေါင်သည် သူ့နဲ့ပတ်သတ်သည့် ကိုကိုရဲ့အတွေးအမြင်တွေကရုတ်တရက်ကြီးပြောင်းလဲသွားသည်အား သူကိုယ်တိုင်ပင်လိုက်မမှီတော့ပါ။

လွန်ခဲ့သည့်လတွေကမှ ကိုကိုသည်သူ့အားဒေါကြီးမာန်ကြီးငြင်း၍လက်မခံနိုင်ဘူး သူ့ကိုမချစ်ရဘူးဟုပြောခဲ့သူက ယခုအခါသူမဟုတ်သလိုပင် တွဲကြည့်ဖို့လဲပြောလာခဲ့သည်။
ထူးဆန်းသည်ဟုတွေးမိပေမဲ့လည်း ကိုယ်တိုင်က ကိုကိုရဲ့အကြည့် အပြောတွေအောက်မှာ နလန်မထူနိုင်အောင် အရည်ပျော်ကြနေသူဖြစ်တာကြောင့် ဘာကိုမှသိပ်မစဉ်းစားနေပဲ ပျော်ပျော်ကြီးကိုတိုးဝင်ခဲ့ပါသည်။

မနေ့ညက ကိုကိုသည်သူ့အားအိမ်သိုပြန်ပို့ပေးခဲ့ပြီး ထွဋ်ခေါင်ကိုကိုအားတောင်းဆိုခဲ့သည်က "မနက်ဖြန်ကိုကိုအလုပ်ပြီးတဲ့အခါ သားနဲ့အတူရှိပေးပါလား သားတို့စတွဲပြီဆိုတော့ ကိုကိုသားကိုအချိန်တော့ပေးသင့်တယ်မဟုတ်လား" ထွဋ်ခေါင်သည် သူ၏ပုံစံလေးအတိုင်းပင် တစ်ဖက်လူအားငြင်းဆိုခွင့်ကိုမပေးထားပါ မဖြစ်မနေသူနှင့်အတူရှိကိုရှိပေးရမည်ကိုသွယ်ဝိုက်ပြောလိုက်သလိုပင်။
ကိုကိုသည်ထွဋ်ခေါင်အားသည်လောက်တော့အချိန်ပေးသင့်သည်ကိုနားလည်သည့်အတွက်လက်ခံခဲ့ပါသည်။

"ကိုကို ဒါလေးစားကြည့်ပါလား ခါးဆိမ့်နေတာပဲ"

"တော်ပြီ ကိုယ့်ဘာသာပဲ ဝအောင်စားစမ်းပါကွာ"

"အာ ကိုကိုကလဲစားကြည့်ပါဆို"

"အာ...အာ..လို့"

ထွဋ်ခေါင်သည်ပြောပြောဆိုဆိုနှင့်ပင် ကိတ်လေးကိုဇွန်းဖြင့်ခပ်သေးသေးယူကာ ကိုဦး၏ရှေ့တွင် တစ်အာ အာနှင့် မစားမချင်းအသံပြု့နေသည်။
လူနည်းပြီးတိတ်ဆိတ်သည် ဆိုင်လေးမို့လို့သာတော်သေးပါ၏။

ဇွန်းလေးဖြင့်ခပ်ယူခံထားရသော ချောကလက်ကိတ်ပိုင်ရှင်၏လက်လေးသည် ကိုဦး၏နှုတ်ခမ်းဖျားနားတွင် တစ်ဝဲလည်လည်နှင့်ပါးစပ်ထဲမရောက်မချင်းဖယ်မည့်သဘောလဲရှိပုံမရတာကြောင့်စိတ်ကျေနပ်အောင်သာ စားပေးလိုက်တော့မှ ပါးချိုင့်ရေးရေးလေးနှစ်ဖက်ပင်ပေါ်လာအောင် သဘောတွေကျနေသောအနီးကောင်လေး၏မျက်နှာသည်ကြည်ကြည်စင်စင်

အနာဂတ်ရဲ့အိမ်သားကြီးအကြောင်းပြောပြချင်မိ Where stories live. Discover now